Thursday, November 12, 2015

ပေါက်မြို့နယ်တွင် ကလေးငယ်တစ်ဦး ဓါတ်လိုက်သေဆုံး

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ လ ၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် ပေါက်မြို့နယ်၊ မြင်းခြံကုန်းကျေးရွာ၌ လျှပ်စစ်ဓါတ်လိုက်၍ ကလေးငယ်တစ်ဦး သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူ မှာ မြင်းခြံကုန်းကျေး ရွာနေသူ မောင်ကောင်းထက်ကျော် (၇)နှစ်ဖြစ်ပြီး ၄င်းမှာ ``၀င်းနား´´ကားဂိတ်၏ အနောက်ဘက် သို့ ရေသန့်ဘူးခွံများ ကောက်ရာမှ ကားဂိတ်နောက်ဖေး မီးအလင်းရောင် ရရှိစေရန် သွယ်တန်းထား သည့် မြေပြင်မှ (၃)ပေခန့်အမြင့်သို့ လျော့ကျနေသော လျှပ်စစ်ဓါတ်ကြိုး၏ ပေါက်နေသော နေရာအား ကိုင်မိရာမှ ဓါတ်လိုက်သေဆုံးရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် ပေါက်မြို့နယ်၊ ရေပြာ နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၅) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment