Friday, November 27, 2015

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ တွင်ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်း၏ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြ သင်တန်းဖွင့်ပွဲ

နတ်မောက်             နိုဝင်ဘာ ၂၅
  မကွေးတိုင်းဒေသကြီးနတ်မောက်မြို
့တွင်ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်း၏ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြ သင်တန်းဖွင့်ပွဲကိုနိုဝင်ဘာ ၂၅ရက်နံနက်၉နာရီကပညာ ရေးမိသားစုနှင့်ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်းတို့  ပူးပေါင်း၍အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်ကျင်းပသည်။
အဆိုပါအခမ်းအနားတွင်နတ်မောက်မြို့မြို့နယ်ပညာရေး မှူးဦးခင်မောင်ကျော်နှင့်မြို့နယ်လုံးဆိုင်ရာဓမ္မကျောင်း တော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌဦးဥာဏ်ရှိန်တို့ကအဖွင့်အမှာစကားပြောကြားပြီးမြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာ သာယဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့အတွင်းရေးမှူး(၂) ဓမ္မစကူးလ်ဖောင်ဒေးရှင်းအမှုဆောင်ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းဥက္ကဌဆရာဦးလှမျိုးကဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်းရည်ရွယ်ချက်နှင့်ဗုဒ္ဓဘာသာယဉ် ကျေးမှူသင်တန်းဖွင့်လှစ်ရခြင်းတို့ကိုရှင်းလင်းပြောကြားခဲ့သည်။သင်တန်းကာလမှာနိုဝင်ဘာ၂၅ရက်မှ၂၆ရက်အထိ ဖြစ်၍သင်တန်းပို့ချဆရာ၊ဆရာမ(၅)ဦးမှပညာရေးသင် တန်းသား၊သင်တန်းသူထက်၊လယ်၊မူဆရာ၊ဆရာမ (၂၆၂)ဦးအားသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
                                            လှဝင်း

0 comments:

Post a Comment