Tuesday, November 3, 2015

*နှင်းဆီနီ၏ ဖရဲသီး ကမ်ပိန်း*

Yar Su Thitmgy added 10 new photos. မှ ကူးယူဖော်ပြသည်။
4 hrs · Edited ·
ဖန်ခါးသီးတွေတောင် ရဲရဲနီသွားမလားထင်
*နှင်းဆီနီ၏ ဖရဲသီး ကမ်ပိန်း*
ကြည့်လိုက်စမ်းပါ
ဖန်ခါးမြေ တို့မကွေးမှာ
ကြောက်စရာ ရဲရဲနီလို့...

ကြည့်လိုက်စမ်းပါ
ဖန်ခါးမြေ ဘီလူးတို့လက်မှာ
နှင်းဆီတွေ ရဲရဲနီလို့...
ကြည့်လိုက်စမ်းပါ
သူတို့တွေ စားနေကြတာ
ဖရဲသီးစိတ်တွေ ရဲရဲနီလို့...
ကြည့်လိုက်စမ်းပါ
နဖူးစည်းနဲ့ တီရှပ်တွေ
စတေကာနဲ့ အလံတွေ
ဖရဲသီးနဲ့ နှင်းဆီတွေ
ရဲလိုက်တာများ ရဲရဲကိုနီလို့...
အမေ့အတွက်တဲ့
အမေကြိုက်တဲ့ နှင်းဆီနီနီတွေကို
ဒါရိုက်တာ ရီဇော်နဲ့ ကြည်ဖြူသျှင်
တူးတူးနဲ့ ဒေါင်း
ကော်နီနဲ့ သျှီ
အနဂ္ဂနဲ့ သံသာဝင်း
ပြီးတော့ ပြီးတော့
အမေ့ကို ချစ်တဲ့ အမေက ချစ်တဲ့
မကွေးက ခွပ်ဒေါင်းမျိုးဆက်တွေ
သူတို့ သူတို့
သူတို့ နှင်းဆီနီနီတွေကို
တစ်ချို့က ကိုင်လို့
တစ်ချို့က နမ်းလို့
တစ်ချို့က အိပ်ကပ်မှာ ထိုးလို့
အမေ့ အတွက်မို့ အမှတ်တရ
ဖရဲသီးတွေစား နှင်းဆီနီနီတွေကို ပန်လို့
ဖန်ခါးမြေ မကွေးမြို့က
နှင်းဆီနီ၏ ဖရဲသီးကမ်ပိန်းတဲ့ အမေ...
ရာစုသစ်mgy

0 comments:

Post a Comment