Thursday, November 12, 2015

စေတုတ္တရာမြို့နယ်တွင် ဒုတိယအကြိမ် အမှိုက်သိမ်းယာဉ်(၁)စီး ထပ်မံလှူဒါန်း




စေတုတ္တရာ         နိုဝင်ဘာ        ၁၂
          မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အမှိုက်သိမ်းယာဉ်(၁)စီး ဒုတိယအကြိမ် လှူဒါန်းပွဲကို နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)အချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရုံးတွင်ပြုလုပ် ခဲ့သည်။
          အဆိုပါအခမ်းအနားတွင် ဆည်မြောင်းဦးစီးဌာနကိုယ်စား စေတုတ္တရာမြို့၊မုန်းဆည်မြောင်းဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးအောင်စိုးမင်းမှ   မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့သို့  တရုပ်နိုင်ငံထုတ် SKAT- ယာဉ်အမှတ် MDY(4K/8323)(အဖြူရောင်)၊(၆)ဘီး အမှိုက်သိမ်းယာဉ်အား လွှဲပြောင်း ပေးအပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကံမြင့် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့သည်။
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ (၅)ရက်နေ့တွင် စေတုတ္တရာမြို့သို့ ရောက်ရှိရာ မြို့နယ်ဖွံ့ဖြိုးရေးအထောက်ပြုကော်မတီ ဥက္ကဋ္ဌမှ မြို့အတွက် လိုအပ်လျက် ရှိသော အမှိုက်သိမ်းယာဉ်(၁)စီးအားဖြည့်ဆည်းပေးပါရန် တင်ပြတောင်းခံမှုအပေါ် နိုင်ငံတော်သမ္မတမှ ဆည်မြောင်းဦးစီး ဌာနအား ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကာ ဆည်မြောင်းဦးစီးဌာနမှ တရုပ်နိုင်ငံထုတ် SKAT- ယာဉ်အမှတ် MDY(2K/5007)(အဖြူရောင်)၊(၆)ဘီး အမှိုက်သိမ်းယာဉ်(၁)စီးအား နိုဝင်ဘာလ(၆)ရက်နေ့တွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ်ထပ်မံ၍ အမှိုက်သိမ်းယာဉ်(၁)စီးအား  လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ရာ ဆည်မြောင်းဦးစီးဌာနမှ မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ အမှိုက်သိမ်းယာဉ်(၂)စီး လှုဒါန်းခဲ့ပြီးဖြစ်သည်။
          အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ၊ဌာနဆိုင်ရာအကြီး အကဲများ၊မြို့မိ/မြို့ဖများ နှင့်ရပ်ကွက်နေဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment