Tuesday, November 3, 2015

အောင်လံမြို့သို့ နိုင်ငံတာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရောက်ရှိ




အောင်လံ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် အောက်တိုဘာ(၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က နိုင်ငံတာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ အင်ဒိုနိုင်ငံသား TRISAKSONOHERY WISOW ၊ ထိုင်းနိုင်ငံသူ CHALIEOSONCHOM PUNUT နှင့် စကားပြန် ဦးမင်းသူတို့သည် တရော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ရပ်ကွက်ကော် မရှင်အဖွဲ့နှင့် မဲရုံအဖွဲဝင်များကို တွေ့ဆုံခဲ့ကြပြီး တာဝန်ကျနေရာအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ၀န်ထမ်းများ၏ ကြိုတင် ဆန္ဒမဲပေးနေမှုများကို လေ့လာကြည့်ရှုခဲ့ကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ သက်ဆိုင်ရာပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မြို့နယ်ရွေးကောက်ပွဲ လေ့လာ
စောင့်ကြည့်ရေးအဖွဲ့ဝင်များ သတင်းမီဒီယာများ တက်ရောက်ကြသည် ။
ယင်းအဖွဲ့သည် အောက်တိုဘာလ(၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီအချိန်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့်တွေ့ဆုံခဲ့ရာ ဦးသိန်းဆင့်မှ
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်လုံခြုံရေးကိစ္စရပ်များ ကြိုတင်မဲကိစ္စရပ်များ မဲရုံဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည် ။
ထို့နောက်ယင်းအဖွဲ့သည်တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံသို့သွားရောက်ပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးနေလင်းထွန်းနှင့်တွေ့ဆုံခဲ့ရာ ဦးနေလင်းထွန်းမှ

ကိုတင်မဲအရေအတွက်နှင့် ဆောင်ရွက်ထာရှိမှုအခြေအနေများကို ရှင်းလင်းခဲ့သည် ။ ထို့နောက်ယင်းအဖွဲ့သည် နေ့လည်(၃)နာရီအချိန်တွင် စစ်အောင်ကျေးရွာ သို့ရောက်ရှိခဲ့ပြီး ရွာလည်ဓမ္မာရုံတွင် စည်းရုံးဟောပြောနေသောအမျိုးသားတိုးတက်ရေးပါတီမှ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျာဝင်း နှင့်တွေ့ဆုံပြီး သွားလာရသည့်အခက်အခဲများ စည်းရုံးဟောပြောရသည့်အခြေနေများကိုလည်းကောင်း ဟောပြောပွဲတက်ရောက်လာသည့် ကျေးရွာသူ/ရွာသာများအား ဆန္ဒမဲထည်းသွင်းရမည့်နည်းစနစ်များကိုလည်းကောင်း မေးမြန်းလေ့လာ¬¬ခဲ့ ကြကြောင်း သတင်းရရှိသည် ။မကွေးသတင်းစုံ

0 comments:

Post a Comment