Sunday, November 15, 2015

နတ်​​မောက်​မြို့နယ်​အထူးရဲတပ်​ ဖွဲ့ဝင်​များအားရဲချုပ်​၏ဂုဏ်​ပြုမှတ်​တမ်းလွှာများ​ပေးအပ်


နတ်​​မောက်​        နိုဝင်​ဘာ ၁၄

  မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​အထူးရဲတပ်​ဖွဲ့ဝင်​များအားရဲချုပ်​၏ဂုဏ်​ပြုမှတ်​ တမ်းလွှာများ​ပေးအပ်​ပွဲကိုနိုဝင်​ဘာ၁၃ရက်​မွန်းလွဲ၁နာရီကမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ကျင်​ပသည်​။
  အဆိုပါအခမ်းအနားတွင်​မြို့နယ်​လုံခြုံ​ရေးစီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဌဦး​ဌေး​အောင်​နှင့်​မြို့နယ်​လုံခြုံ​ရေးစီမံခန့်ခွဲမှု​ကော်​မတီအတွင်း​ရေးမှူးနတ်​​မောက်​မြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်းချိုတို့မှ၂၀၁၅ခုနှစ်​ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအား​အေးချမ်းတည်​ငြိမ်​စွာကျင်းပနိုင်​ခဲ့၍လုံခြုံ​ရေးတာဝန်​ထမ်း​ဆောင်​ ခဲ့ကြသည့်​အထူးရဲတပ်​ဖွဲ့ဝင်​များအားရဲချုပ်​၏ဂုဏ်​ပြုမှတ်​တမ်းလွှာ​ပေးအပ်​ခြင်းကိုလည်းအထူးချီးကျူးဂုဏ်​ပြုစကား​ပြောကြားခဲ့သည်​။ထို့​နောက်​နတ်​​မောက်​မြို့နယ်​အထူးရဲတပ်​ဖွဲ့ဝင်​(၂၈၂)ဦးအားမြို့နယ်​ လုံခြုံ​ရေးစီမံခန့်​ခွဲမှု​ကော်​မတီအတွင်း​ရေးမှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်းချိုမှရဲချုပ်​၏ဂုဏ်​ပြုမှတ်​တမ်းလွှာများကိုရဲစခန်းအ​ခြေပြုအထူးရဲတပ်​ဖွဲ့ဝင်​များ၏ကိုယ်​စားအထူးရဲတပ်​ဖွဲ့ဝင်​များအားအသီးသီး​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။
              လှဝင်း(iprd)

0 comments:

Post a Comment