Tuesday, November 3, 2015

တာဝန်ရှိလူကြီးမင်းများခင်ဗျာ‬... ဘောလုံးလောင်းကစားခြင်းကို..တရားဝင်ခွင့်ပြုမိန့်..လိုင်စင်ချထားပေးခြင်းရှိပါသလား...?

Bopyae Taungdwingyi added 15 new photos. မှ ကူးယူဖော်ပြသည်။
1 hr ·
‪#‎တာဝန်ရှိလူကြီးမင်းများခင်ဗျာ‬...
မသိတာ မရှင်းတာလေး တစ်စိတ်လောက် မေးပါရစေလားဗျာ...
ဘောလုံးလောင်းကစားခြင်းကို..တရားဝင်ခွင့်ပြုမိန့်..လိုင်စင်ချထားပေးခြင်းရှိပါသလား...?
အကယ်၍ရှိတယ်ဆိုရင်လဲ...လိုင်စင်လျှောက်ထားရတဲ့...လုပ်ငန်းအဆင့်ဆင့်...လိုအပ်တဲ့..ထောက်ခံစာ...စာရွက်စာတမ်းများနဲ့...ဘယ်လိုလျှောက်ထားရပါသလဲ..?
ဘယ်ဌာနကို လိပ်မူ လျှောက်ထားရပါသလဲ..?
အကယ်၍..မရှိပါဘူးဆိုရင်လဲ...အခုလို..Online မှ ဖုန်းနံပါတ်..အပြည့်အစုံ..
Website လိပ်စာ အပြည့်အစုံနဲ့..ကြေညာမောင်းခတ် ဘောလုံးလောင်းကစားမှု ပြုနေခြင်းကို မသိတာလား...မသိချင်ဟန်ဆောင်နေတာလား...?
ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်မှာ လောင်းကစားမှုများ ကင်းစင်ပပျောက်ရေး ဆိုတဲ့အချက် ပါတယ်ဆိုတာရော..ဟုတ်ပါသလား..?
Online တွင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်လျှင် တရားဝင် Online မှတ်ပုံတင်ပြုလုပ်ရတယ်ဆိုတာရော ဟုတ်ပါသလား...?
Online စောင့်ကြည့်ရေးအဖွဲ့အစည်းများထားရှိတယ် ဆိုတာရော ဟုတ်ပါသလား..?
အကယ်၍ ဟုတ်ပါတယ်ဆိုရင် သူတို့စောင့်ကြည့်တဲ့လုပ်ငန်းဦးတည်ချက်က နိုင်ငံရေးလား..စီးပွားရေးလား..လူမှုရေးလား..လုံခြုံရေးလား...ကာကွယ်ရေးလား..နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတွေအတွက်လား....?
အခုလိုမေးရတာကတော့ အခုတစ်လော Online နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုလေးတွေ ကြားသိနေရသည့်အတွက် မည်သည့်အရာများကို အထူးဂရုပြု ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေသည်ကို မသိရှိသဖြင့် ရိုးရိုးသားသား ၀န်ခံမေးမြန်းရခြင်း ဖြစ်ပါသည်။
အသိပညာ ဗဟုသုတ နည်းပါးသူ မြေလတ်ဒေသ ကျေးလက်ငယ်သား ဖြစ်သဖြင့် စကားလုံး အမှားအယွင်းပါခဲ့ပါလျှင် ငယ်သူမို့ ခွင့်လွှတ်ပေးပါရန် တာဝန်ရှိ လူကြီးမင်းများ အားလုံးအား အနူးညွတ်မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment