နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊
မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အိုင်မကျီးကျေးရွာနေ ဌေးမြင့်အောင်(ခ) ကိုဌေး
(၂၆)နှစ်နှင့် ဇနီးဖြစ်သူ မသင်း(ခ) မသင်းသင်းဆွေ တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ
(၅)နာရီခွဲ အချိန်ခန့် အိုင်မကျီးကျေးရွာ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ
ခရမ်းချဉ်စိုက်ခင်း သို့ သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းရာ ဆေးဖျန်းပုံးမှာ ၀ါရှာမကောင်းသဖြင့်
ဌေးမြင့်အောင်(ခ) ကိုဌေးမှ ပါးစပ်ဖြင့် စုပ်ယူစဉ် ပိုးသတ်ဆေးများ ပါးစပ်အတွင်း
ဝင်သွားသဖြင့် ဇနီးဖြစ်သူအား ပြောပြရာ ဖခင်ဖြစ်သူ ဦးအောင်မြင့်၏
မော်တော်ယာဉ်ဖြင့် ည(၈)နာရီခွဲ အချိန်ခန့်တွင် မိတ်္ထီလာ ဆေးရုံသို့ရောက်ရှိ ဆေးကု
သနေစဉ် ၂၇.၁၁.၂၀၁၅ ရက်နေ့ နံနက် (၄)နာရီ (၁၀)မိနစ် တွင် သေဆုံးသွားခဲ့ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment