စလင်း နိုဝင်ဘာ ၂၀
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)၏ ငွေချည်(၉)ချည်မျှင်ရှည်ဝါ
တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၈ရက်က အင်ကြင်းပင်လှကျေးရွာအုပ်စု
လက်ပံကျင်းကျေးရွာ တောင်သူ ဦးလှခိုင် ကွင်းအမှတ်(၅၄၇)ဦးပိုင်အမှတ် ၂၉/၃၀ တွင်စိုက်ပျိုးထားသော
ငွေချည်(၉)ချည်မျှင်ရှည်ဝါ (၅)ဧကစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး
တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာနုကငွေချည်(၉)ချည်မျှင်ရှည်ဝါ စံပြကွက်နှင့်ပတ်သက်၍
တောင်သူပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသိန်းက ငွေချည်(၉)ချည်မျှင်ရှည်ဝါ၏
ဝါမျိုးထူးခြား ချက်များနှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ
ကျေးလက်လူမှုစီးပွားဘ၀ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လက်ပံကျင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှတောင်သူများအား ငွေချည်(၉)ချည်မျှင်ရှည်ဝါစိုက်ကွင်အတွင်း၌ တစ်ဧက
ဝါပိသာ(၁၀၀၀)နှုန်း ထွက်ရှိရေးလိုက်နာဆောင်ရွက်ရမည့် သိပ္ပံနည်းကျစိုက်နည်းစနစ်(၁၀)ချက်နှင့်အညီစိုက်ပျိုးခြင်းဖြင့်
ထူးခြားကောင်းမွန်သော အရည်အချင်းများဖြစ်သည့် ၀ါအထွက်နှုန်းကောင်းခြင်း၊အခြားဝါမျိုးများထက်ပိုမို
အသက်လျှင်ခြင်း၊ချည်အရည်အသွေးကောင်းမွန်ခြင်း ၀ါပေါက်ကြီး ၀ါပေါက်ညီ၍ ၀ါကောက်ရ လွယ်ကူခြင်းစသည့်
အကျိုးကျေးဇူးများရရှိကြောင်းကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး တောင်သူ ဦးလှခိုင်
စိုက်ပျိုးထားသော ငွေချည်(၉)ချည်မျှင်ရှည်ဝါ (၅)ဧကစံပြစိုက်ပျိုးထားရှိမှုကို တက်ရောက်လာသောတောင်သူများအား
လက်တွေ့ကွင်းဆင်းပြသခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment