Sunday, November 15, 2015

အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ




မင်းဘူး      နိုဝင်ဘာ      ၁၃
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ် ရပ်ကွက်/ကျေးရွာ မဲရုံများတွင် တာဝန်ကျေး ပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့ရုံးအစည်းအဝေး ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၉း၃၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင်မြို့နယ်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ ဂုဏ်ပြုကျေးဇူးတင်အမှာစကားပြောကြားပြီး မြို့နယ်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ၀င်းဦးနှင့်တာဝန်ရှိသူများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုနယ်မြေအလိုက် အထူးရဲတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပါသည်။ထို့နောက် အထူးရဲတပ်ဖွဲ့ဝင်များ ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
          အဆိုပါအခမ်းအနားသို့ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ရပ်ကွက်/ကျေးရွာမဲရုံများတွင် လုံခြုံရေးတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၁၇၂)ဦးနှင့်  မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment