Thursday, November 5, 2015

နတ်​​မောက်​မြို့နယ်​​ရွေး​ကော က်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲမှကြိုတင်​ဆန္ဒမဲများကြိုတင်​မဲပုံးလုံခြုံ​ရေးကြိုးချိတ်​ပိတ်​ခြင်းကိုပွင့်​လင်းမြင်​သာစွာ​ဆောင်​ရွက်

နတ်​​မောက်​           နိုဝင်​ဘာ၎
  မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲမှကြိုတင်​ဆန္ဒမဲများသိမ်းဆည်းထားမည့်​ကြိုတင်​မဲပုံးလုံခြုံ​ရေးကြိုးချိတ်​ပိတ်​ခြင်းကိုနိုဝင်​ဘာ၃ရက်​နံနက်​၉နာရီကမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင်​ကျင်းပသည်​။
  အခမ်းအနားတွင်​မြို့နယ်​​ရွေး​ကောက်​ပွဲဆိုင်​ရာလုံခြုံ​ရေးနှင့်​စီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဌနှင့်​မြို့နယ်​​ကော်​မရှင်​ ဥက္ကဌတို့မှအဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​​ကော်​မရှင်​အတွင်း​ရေးမှူးကမြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​ မရှင်​အဖွဲ့ခွဲမှလက်​ခံထားသည့်​ကြိုတင်​ဆန္ဒမဲလက်​မှတ်​များအားကြိုတင်​ဆန္ဒမဲပုံးအတွင်းသို့မထည့်​သွင်းမှီ မဲပုံးအားပွင့်​လင်းမြင်​သာစွာပြသခဲ့ပြီးလုံခြုံ​ရေးကြိုးဖြင့်​ချိတ်​ပိတ်​ခြင်း၊တိတ်​စည်းခြင်းများပြုလုပ်​ခဲ့သည်​။ထို့ ​နောက်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲ​ကော်​မရှင်​အဖွဲ့ဝင်​မှတက္ကသိုလ်​/​ကောလိပ်​ တက်​​ရောက်​​နေ​သောမဲဆန္ဒနယ်​ပြင်​ပ​ရောက်​ကြိုတင်​မဲဆန္ဒရှင်​စာရင်းများ၊အချုပ်​ခံ​နေရသူကြိုတင်​မဲဆန္ဒရှင်​စာရင်းများ၊​ဆေးရုံသို့​ရောက်​​နေ​သောအတွင်းလူနာကြိုတင်​မဲဆန္ဒရှင်​စာရင်းများ၊သင်​တန်းသားစာရင်းများ၊တပ်​မ​တော်​သားနှင့်​အတူ​နေမိသားစုဝင်​စာရင်းများနှင့်​ပြည်​ပ​ရောက်​မြန်​မာနိုင်​ငံသားများ၏ကြိုတင်​ဆန္ဒမဲစာရင်းများကိုအသီးသီး​ဖေါက်​၍​ရေတွက်​ပြီးနတ်​​မောက်​မြို့နယ်​ကြိုတင်​ဆန္ဒမဲပုံးအတွင်းသို့ကြိုတင်​ဆန္ဒမဲလက်​မှတ်​များအားမြို့နယ်​​ရွေး​ကောက်​ပွဲဆိုင်​ရာလုံခြု​ရေးနှင့်​စီမံခန့်​ခွဲ​ရေးအဖွဲ့ဝင်​များနိုင်​ငံ​ရေးပါတီဝင်​များ၊မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲအဖွဲ့ဝင်​များ၊မြို့နယ်​အ​ထောက်​အကူပြု​ကော်​မတီဝင်​များ၊ဌာနဆိုင်​ရာအကြီးအကဲများနှင့်​သတင်းမီဒီယာအဖွဲ့ဝင်​များ​ရှေ့တွင်​ပွင့်​လင်းမြင်​သာစွာမဲလက်​မှတ်​များကိုမဲပုံးအတွင်းထည့်​သွင်းခဲ့ပြီးကြိုတင်​ဆန္ဒမဲစုစု​ပေါင်း(၁၆၀)ဦးရှိ​ကြောင်းသိရသည်​။       လှဝင်း(iprd)

0 comments:

Post a Comment