Saturday, November 7, 2015

၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ကြိုတင်မဲပေး




မြိုင်-နိုဝင်ဘာ-၆

                   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ၂၀၁၅-ခုနှစ်
အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲများက နိုဝင်ဘာ(၆)ရက်နေ့မှ (၇)ရက်နေ့အထိ ကြိုတင်မဲများကို မိမိသက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌
လက်ခံနေကြပြီဖြစ်၍  မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနေကြသည်။
                   ကြိုတင်မဲပေး မဲဆန္ဒရှင်ပြည်သူများမှာ မဲရုံသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများနှင့်
ကျန်းမာရေးချို့တဲ့သူများက မဲပေးလိုသည့်ဆန္ဒဖြင့် ကော်မရှင်သို့ တောင်းခံလွှာဖြင့် တင်ပြလာပါက  သက်ဆိုင်ရာ
ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပါတီကိုယ်စားလှယ်များလိုက်ပါ၍ အိမ်တိုင်ရာရောက် သွားရောက်ပြီးမဲများလက်ခံ
ခြင်း ၊အပြစ်ကျခံနေကြသူများအနေဖြင့် မြို့နယ်ကော်မရှင်ခွဲ၏ ထောက်ခံချက်နှင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ၊
ပါတီကိုယ်စားလှယ်များ  လိုက်ပါ၍  ဆန္ဒမဲများလက်ခံခြင်း ၊ မိသားစုနာမကျန်းဖြစ်၍  ဆေးရုံသို့သွားရောက်
စောင့်ရှောက်မည့်သူများ၊ မဖြစ်မနေခရီးထွက်ခွာမည့်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲဆိုင်ရာ
တာဝန်ထမ်းဆောင်ကြမည့်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များ၊
စစ်မှုထမ်းတပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များတို့အား သက်ဆိုင်ရာ ဌာနအကြီးအကဲများ ၊  ရပ်ကွက်/
ကျေးရွာ  အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ပေးအပ်ထားသူတာဝန်ရှိသူများ၏  ကြိုတင်မဲထည့်ရန် ထောက်ခံချက်များ
ယူဆောင်ပြီး မဲရုံသို့လာရောက်၍လွတ်လပ်စွာ မဲပေးနေကြပြီးဖြစ်ကြောင်းသိရသည်။
(အောင်ကျော်မြင့်)

0 comments:

Post a Comment