Friday, November 27, 2015

ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူအား တိုက်မိ သေဆုံး




ဂန့်ဂေါ      နိုဝင်ဘာ    ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် (၁၁၄/၂-၃) စိုင်ဒူးကျေးရွာအနီးတွင် နိုဝင်ဘာ ၂၂ ရက်နေ့ည(၈)နာရီခွဲအချိန် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဂန့်ဂေါမှ စိုင်ဒူးကျေးရွာဘက်သို့ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာနေ  ဇော်မိုးလှိုင် (၂၂)နှစ်သည် နံပါတ်မပါ JH 150 GY -3 အပြာရောင် ဆိုင်ကယ်အား မောင်းနှင်လာစဉ် လမ်းဝဲဘက်ခြမ်းမှ ယာဘက်ခြမ်းသို့ လမ်းဖြတ်ကူးသူ စိုင်ဒူးကျေးရွာနေ ဒေါ်မြမြဝင်း(၅၈)နှစ်အား ဝင်ရောက်တိုက်မိ၍ ဒေါ်မြမြဝင်း တွင် ဦးခေါင်းထိပ်(၃) လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်မောင်းကျိုးဒဏ်ရာ၊ ဝဲခြေသလုံး ၊ ပေါက်ပြဲဒဏ်ရာ၊ ယာမျက်ခုံးပွန်း ဒဏ်ရာများရရှိသေဆုံးသွားပြီး၊ ဇော်မိုးလှိုင်တွင် မေးစေ့ပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွား(၂) ချောင်းကျိုး၊ ဝဲ/ယာလက်ပွန်း ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဇော်မိုးလှိုင်အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment