Sunday, November 15, 2015

မိုးမြေပဲများတူးဖော်




မြိုင်-နိုဝင်ဘာ-၁၂

                   အညာမြေဒေသ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် မိုးမြေပဲကို မေလအတွင်း စိုက်ပျိုးခဲ့ကြပြီး နိုဝင်ဘာလဆန်း ဒုတိယပတ်မြေပဲဥများ ရင့်နေပြီဖြစ်၍ တောင်သူဦးကြီးများအနေဖြင့် မြေပဲဥများ
တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြပြီးဖြစ်သည်။
                   ယင်းမြေပဲဥများ တူးဖော်ရာတွင် မြေပဲအပင်များကို သံကွင်းဒါးဖြင့် ထွန်တုန်းတွင် တပ်ဆင်၍ သံကွင်းဒါးတပ်ဆင်ထားသော ထွန်တုန်းအားနွားရှဉ်းနှင့် ဆွဲကာ မြေပဲပင်အတန်းလိုက် တူးဖော်ကြပြီး မြေပဲဥပါသော
မြေပဲပင်များအား လူများကလိုက်၍ မြေပဲပင် ၂-ပင်၊ ၃-ပင် ထပ်ကာ အတန်းလိုက် စီထားကြရသည်။
                   အတန်းလိုက်စီထားသော မြေပဲပင်များအား ၃-ရက်၊၄-ရက်ကြာ အခြောက်လှန်းထားပြီး တောင်သူ
များအနေဖြင့် မြေပဲစိုက်ယာခင်းထဲတွင် စုပုံ၍ မြေပဲဥများခူးဆွတ်ကြခြင်း၊ တစ်ချို့တောင်သူများအနေဖြင့် ဥပါသော
မြေပဲပင်များအား အိမ်သို့ သယ်ယူ၍ ဆိုင်ပုံထိုးပြီး တောင်သူခွင် လုပ်ငန်းသီးနှံများ ရိတ်သိမ်းပြီး အားလပ်ချိန် နွေရာသီတွင် မြေပဲဥများ ခူးဆွတ်ကြကြောင်းသိရသည်။


(အောင်ကျော်မြင့်)

0 comments:

Post a Comment