Tuesday, November 3, 2015

ရခိုင်မှာ ဇွန်သဉ္ဇာ၊ ဇာဇာထက်တို့ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်

Thu Ta Nay and Ukyi Aungmdy shared ဒေသသတင်း - ပင်မ's post. မှ ကူးယူဖော်ပြသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
23 hrs ·
ရခိုင်မှာ ဇွန်သဉ္ဇာ၊ ဇာဇာထက်တို့ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်
-------------------------------------------------------------
နိုဝင်ဘာ ၁၊ ၂၀၁၅။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့ ဂေါက်ကွင်းထဲတွင် နိုဝင်ဘာလ ၁ ရက်နေ့ ည (၈) နာရီမှ (၁၂) နာရီထိ Sexy Model များဖြစ်ကြသော ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် အခြားမော်ဒယ်များစွာက ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ပေးခဲ့ကြသည်ကို ဒေသသတင်းမှ Citizen Journalist တစ်ဦးမှ သတင်းပေးပို့ခဲ့သည်။
ယင်းမဲဆွယ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီး ထွေးလှ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပွဲကျင်းပစဉ်အချိန်တွင် မိုးအနည်းငယ် ရွာသွန်းမှုကြောင့် ပရိတ်သတ် ၃၀၀ ခန့်သာ တက်ရောက်ကြောင်း သိရသည်။
ယင်းသို့ မဲဆွယ်မှုနှင့် ပတ်သက်၍ မဘသ အဖွဲ့မှ လည်းကောင်း၊ ရခိုင်အမျိုးသားပါတီမှလည်းကောင်း တစ်စုံတရာ ပြောကြားမှု မရှိသေးကြောင်း သိရသည်။ ပွဲကျင်းပသူအချို့ကမူ မဲဆွယ်ခြင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူကြီးများကို မဲဆွယ်ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ပြောဆိုသည်များလည်း ရှိသည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးတွင် ပါဝင်သည့် ရခိုင်ဒေသခံတစ်ဦးကမူ "ရခိုင်ရိုးရာ စည်တော်နှင့် ဆီမီးခွက် အက ဖြင့် ကပြဖျော်ဖြေ ခြင်းတွေ လုပ်သင့်ပါတယ်။ ယခု လုပ်ရပ်ဟာ လူမျိုးတစ်ခု၏ ယဉ်ကျေးမှု အမွေအနှစ်ကို မလေးစားရာ ရောက်ပါတယ်" ဟု ပြောဆိုခဲ့သည်။

0 comments:

Post a Comment