မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာတောင်ဘက် ရထားလမ်းကူးနေရာ၌ ရထားနှင့်
ထော်လာဂျီယာဉ်တို့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် (၇း၄၅) အချိန်ခန့်ကတိုက်မိမှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာပခုက္ကူ-မန္တလေးသွားရထားလမ်းပေါ်
ပခန်းကြီးနှင့် ရေစကြိုဘူတာအကြား၊ ရထားလမ်းမိုင်တိုင် ၄၇၂/၁၁ နှင့် ၄၇၂/၁၂
ကြားရထားလမ်းကူးနေရာတွင် ပခုက္ကူမှ မန္တလေးသွားအမှတ် (၁၃၆)
အစုန်လူစီးအမြန်ရထားအားခင်မွန်ကျေးရွာဘက်မှ ရေစကြိုဘက်သို့ ရေစကြိုမြို့နယ်၊ခင်မွန်
ကျေးရွာနေတင်စန်းဝင်း (၃၃)နှစ်မောင်းနှင်လာသောနံပါတ်မပါ CHANG CHAN 188D185
LE-NGING အစိမ်းရောင် ထော်လာဂျီယာဉ်သည် ရထားလမ်းကူးပေါ်အရောက် ရထားလာနေသည်ကို
မြင်၍နောက်ပြန်ဆုတ်ရာရထားနှင့် မလွတ်ဘဲရထားဦးခေါင်းဝဘက်ခြမ်းအားတိုက်မိကာထော်လာဂျီယာဉ်မှာရထားလမ်းမှမြောက်
ဘက် ပေ(၆ဝ)ခန့်အထိချိတ်ပါသွားပြီးထော်လာဂျီယာဉ် ယာဉ်မောင်း
နှင့်ရထားပေါ်ပါခရီးသည်များထိခိုက် ဒဏ်ရာရမှုမရှိဘဲထော်လာဂျီယာဉ်၏ ဝဲဘက်တံခါးနှင့်
နောက်ကြည့်မှန်တို့ပျက်စီးသွားကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်
ထော်လာဂျီယာဉ်အားမဆင်မခြင် မောင်း နှင်ပြီးရထားဖြင့်ချိတ်မိစေသူတင်စန်းဝင်းအား ရေစကြို
မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၄၁/၂ဝ၁၅၊ မီးရထားအက် ဥပဒေပုဒ်မ ၁၂၉ အရအမှုဖွင့်
အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment