ငဖဲ နိုဝင်ဘာ
၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊
ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍
(၂၇.၁၀.၂၀၁၅)ရက်နေ့မှ (၂၆.၁၁.၂၀၁၅) ရက်နေ့ထိ (၁)လကြာဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု
စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီကကျင်းပရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဇော်
ကသင်တန်းဆင်းအမှာစကားပြောကြားပြီးမြို့နယ်ကျေးလက်ဦးစီးမှူးဦးယုနိုင်လင်းမှ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်
ဆင်းရဲမှုလျှော့ချနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်
အကူပြု သင်တန်းများကိုအစဉ်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့လို့
သင်တန်းတက်ရောက်ခဲ့ကြသူများအနေဖြင့် လက်တွေ့နယ်ပယ်တွင် မိသားစုဝင်ငွေတိုးရေးအတွက်တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပါကြောင်း၊
ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘ၀မြင့်မားရေးအတွက်
မိမိတို့ဌာနမှ အလေးထားဖော်ဆောင်လျက်ရှိကာလူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်လို့ သင်တန်းဖွင့်လှစ်ကျင်းပခဲ့ခြင်းကြောင့်
တတ်မြောက်ခဲ့သောအတတ်ပညာများဖြင့် ကိုယ်ပိုင်အိမ်တွင်းမှုလုပ်ငန်းများလုပ်ဆောင်နိုင်ခြင်း၊
အလုပ်အကိုင်အခွင့်အလမ်းများများပြားလာခြင်းစသည့်ဖြင့် ပြောကြားကာသင်တန်းသူများအားသင်တန်းဆင်းလက်မျတ်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment