Wednesday, November 18, 2015

ကုန်​သွယ်​မှုမြှင့်​တင်​​ရေးနှ င့်​စားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာအသိပညာ​ပေး​ဟော​ပြော

နတ်​​မောက်​       နိုဝင်​ဘာ ၁၇

နတ်​​မောက်​မြို့နယ်​ကုန်​သွယ်​မှုမြှင့်​တင်​​ရေးနှင့်​စားသုံးသူ​ရေးရာဦးစီးဌာနမှယမန်​​နေ့နံနက်​၉နာရီကစားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာအသိပညာ​ပေး​ဟော​ပြောပွဲကိုနတ်​​မောက်​မြို့နယ်​​လျှော်​​ချောင်းကြီး​ကျေးရွာအုပ်​စုတံခွန်​တိုင်​​ကျေးရွာအလယ်​တန်း​ကျောင်း(ခွဲ)နှင့်​နဘူး​တောင်​​ကျေးရွာမူလတန်း​ကျောင်းတို့တွင်​ကျင်းပသည်​။
အဆိုပါ​ဟော​ပြောပွဲတွင်​ကုန်​သွယ်​မှုမြှင့်​တင်​​ရေးနှင့်​စားသုံးသူ​ရေးရာဦးစီးဌာနမြို့နယ်​တာဝန်​ခံနှင့်​မြို့သစ်​မြို့နယ်​တာဝန်​ခံတို့မှအ​ခြေခံပညာ​ကျောင်းများတွင်​စားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာဥပ​ဒေအ​ကြောင်းအရာများနှင့်​စားသုံးရန်​မသင့်​သည့်​မုန့်​မျိုးစုံကုန်​ပစ္စည်းများဓါတုဆို​ဆေးကင်းလွတ်​သည့်​အစားအစာများစားသုံးရန်​တိုကို​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး​ကျောင်းများမှဆရာ၊ဆရာမများ၊​ကျောင်းသား/သူများနှင့်​​ကျောင်း​ဈေး​ရောင်း​သည့်​​ဈေးသည်​များတက်​​ရောက်​ခဲ့ကြ​ကြောင်းသိရသည်​။                  လှဝင်း(iprd)

0 comments:

Post a Comment