Friday, November 6, 2015

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲဆိုင်ရာမိန့်ခွန်း နိုဝင်ဘာ ၆ရက်၊ ည ၈နာရီသတင်းအပြီးတွင် ထုတ်လွှင့်သွားမည်

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲဆိုင်ရာမိန့်ခွန်း ပြောမည်
မဇ္ဈိမသတင်းဌာန
သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲဆိုင်ရာမိန့်ခွန်းကို နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် မဲဆန္ဒရှင် နိုင်ငံသားများအား ပြောကြားသွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှ ကြေငြာလိုက်သည်။
ရွေးကောက်ပွဲမတိုင်မှီ နှစ်ရက်အလိုတွင် ပြောကြားမည့် သမ္မတဦးသိန်းစိန်၏ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းအား နိုဝင်ဘာ ၆ရက်၊ ည ၈နာရီသတင်းအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ (၇)ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မိန့်ခွန်းအပြည့်အစုံဖော်ပြသွားမည်ဟု မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကြေငြာထားသည်။
လက်ရှိ အာဏာရထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ သမ္မတဦးသိန်းစိန်၏ ရွေးကောက်ပွဲနီးကပ်သည့် ကာလတွင် သွားရောက်သည့် ပြည်တွင်းခရီးစဉ်များတွင် ကြံ့ခိုင်ရေးပါတီဝင်များက ပါတီအလံများကိုင်ဆောင်ကာ ကြိုဆိုခြင်း၊ ကြွေးကြော်ခြင်းများ လုပ်ဆောင်နေသောကြောင့် ဖွဲ့စည်းပုံအခြေခံနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြာထားသည်။
အဘယ်ကြောင့်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသည် နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်နေချိန်တွင် ပါတီလုပ်ငန်းများအား ဝင်ရောက်စွက်ဖက်ခြင်း မရှိရဟု ပြဌာန်းထားသောကြောင့် ဖြစ်သည်။
သို့သော် ထိုလုပ်ရပ်များအပေါ် အထင်အမြင် လွှဲမှားမှုမရှိစေရန် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၆ရက်တွင် ပြန်လည် ရှင်းလင်းထားသည်။

0 comments:

Post a Comment