Sunday, November 8, 2015

မဲလက်မှတ်တွေကို ဘယ်လိုရေတွက်မှာလဲ? .

မဲလက်မှတ်တွေကို ဘယ်လိုရေတွက်မှာလဲ?
.
မဲဆန္ဒရှင်များအားလုံးရဲ့ အဖိုးတန် အသည်းကြားက မဲတစ်ပြားက အလွန်အရေးပါ ပါတယ်။ ဒါကြောင့် မဲပေးပြီးနောက်မှာ မဲလက်မှတ်များကို ဘယ်လိုရေတွက်သွားမလဲ ဆိုတာလည်း အရေးကြီးပါတယ်။ ဒါကြောင့် မဲလက်မှတ်ရေတွက်ခြင်း အဆင့်ဆင့်ကို လေ့လာကြည့်လိုက်ပါဦး။
သိရှိသင့်သည့်အချက်များ
၁) မဲလက်မှတ်များရေတွက်ခြင်းနဲ့ ရလဒ်များကို ပုံစံများတွင် ထည့်သွင်းခြင်း စတဲ့ လုပ်ကိုင်မှု အဆင့်တိုင်းကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ နိုင်ငံရေးကိုယ်စားလှယ်များက လွတ်လပ်စွာ စောင့်ကြည့်နိုင်ပြီး သက်ဆိုင်ရာတာဝန်ခံအရာရှိများက လက်မှတ်ထိုးပြီးသည်အထိ အပြီးသတ်ဆောင်ရွက်မှုများကို စောင့်ကြည့်လေ့လာနိုင်ပြီး ရလဒ်ပုံစံများကိုကပ်ပြီးသောအခါ ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။
၂) ရလဒ်များကို ကြေညာရန်မှာမူ မဲရေတွက်မှု လုပ်ငန်းစဉ်ပြီးနောက် မဲလက်မှတ်များ မြို့နယ်သို့ ပေးပို့သည့်ကြာချိန်၊ ရလဒ်ပုံစံများကို မြို့နယ်၊ ခရိုင်သို့ ပေးပို့သည့်ကြာချိန် တို့ အပေါ်မူတည်ရတဲ့ အတွက် ရလဒ်များကို ရွေးကောက်ပွဲပြီး အနည်းဆုံး ၂-၃ ရက်ကြာမှသာ ကြေငြာနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment