Sunday, November 15, 2015

မင်းဘူးမြို့ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ




မင်းဘူး     နိုဝင်ဘာ      ၁၃
          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၏ ရပ်ကွက်နေပြည်သူအများ  သောက်သုံးရေ ဖူလုံးစွာရရှိနိုင်ရန်  အတွက် နိုင်ငံတော်မှ တိုးချဲ့ မြို့ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေလျက်ရှိသည်။
          မင်းဘူးမြို့သည် ဧရာဝတီမြစ်ကမ်းအနောက်ဘက်၊ကုန်းမြင့်ပိုင်းဒေသတွင် မြို့တည်ထားသည့်အတွက် မြေအောက်ရေ တူးဖော်ရန်အခက်အခဲရှိသဖြင့် မြို့နှင့် တစ်မိုင်အကွာရှိ ကျောက်တန်းကျေးရွာမှ မြေအောက်ရေအား ရေတင်စက်ကြီးများဖြင့် ဖြန့်ဝေပေးနေလျက်ရှိသော်လည်း သောက်သုံးရေ မလုံလောက်သဖြင့်  နိုင်ငံတော်မှ ဧရာဝတီမြစ်ရေတင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီး မြို့ရေပေးရေးလုပ်ငန်းအား တိုးချဲ့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
          တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းအား ပွင့်ဦးကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းကိုလည်းကောင်း ၊WWWကုမ္ပဏီမှ ရေတင်/ရေဖြန့်ဝေပိုက်လိုင်များသွယ်တန်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ဟန်စိန်သန့် ကုမ္ပဏီ မှ ရေမြုပ်ပန့်နှင့် ရေတင်စက်များတပ်ဆင်ခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းတို့ကို နိုင်ငံတော် ထောက်ပံ့ငွေ (၁၆၃၄ ဒဿမ ၅၃ )ကျပ်သန်းဖြင့် ဆောင်ရွက် နေလျက်ရှိသည်။
          မင်းဘူးမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၊ အိမ်ခြေ(၅၂၀၅)အိမ်၊လူဦးရေ(၂၉၈၈၆)ဦးရှိပြီး၊တစ်ရက် သောက်သုံးရေ ဂါလံ(၆)သိန်းခန့်လိုအပ်လျက်ရှိရာ လက်ရှိ တစ်ရက်ရေဂါလံ(၄၁၀၀၀၀)ဖြန့်ဝေပေးနေလျက်ရှိပြီး တိုးချဲ့မြို့ရေပေးရေးစက်ရုံတည်ဆောက်ပြီးစီးပါက တာဘိုင်ရေစက်ရုံ၊လိပ်တောင်ရေလှောင်ကန်၊အောင်မြေရေ လှောင်ကန်နှင့် မြစ်ရေတင်တို့မှတဆင့် မြို့ပေါ်ရပ်ကွက်နေပြည်သူအများ အား သောက်သုံးရေ ဖူလုံစွာဖြန့်ဝေပေး နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment