မြိုင်-နိုဝင်ဘာ-၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊
မြိုင်မြို့နယ်တွင် မိုးဦးနည်းပါး၍ တောင်သူဦးကြီးများအနေဖြင့် နှမ်းလျင်များ မရရှိခဲ့သော်လည်း
စက်တင်ဘာ ဒုတိယပတ်တွင် မိုးရွာသွန်းမှုကြောင့် နှမ်းလျင်စိုက်ယာခင်းများအား
ဆောင်းသီးနှံနှမ်းကြီးများကို
ပြန်လည်စိုက်ပျိုးခဲ့ကြရာ အောက်တိုဘာ ပထမပတ်တွင် မိုးရေချိန် ၁.၈၀ လက်မ နှင့်
နိုဝင်ဘာ
ဒုတိယပတ်တွင် မိုးရေချိန် ၀.၆၆ လက်မ ရွာသွန်းသဖြင့် နှမ်းကြီးပင်များ အသီးများဖြင့်
အောင်မြင်ဖြစ်ထွန်း
နေကြောင်းတွေ့ရှိရသည်။
(အောင်ကျော်မြင့်)
0 comments:
Post a Comment