Friday, November 27, 2015

မင်းဘူးခရိုင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ




မင်းဘူး       နိုဝင်ဘာလ      ၂၆
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် ရေနံမြေ၊စက်ရုံ၊အလုပ်ရုံ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မင်းဘူးမြို့ပေါ်ရှိ ကထိန်အာနိသင်မရရှိသေးသည့် မင်းဘူးမြို့၊အမှတ်(၁)ရပ်ကွက်၊ရှစ်မျက်နှာကျောင်းနှင့် အမှတ်(၄)ရပ်ကွက်၊ပွင့်လှသိမ်ကုန်းကျောင်းတို့အား စုပေါင်းကထိန်သင်္ကန်း ကပ်လှူပွဲကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင်မင်းဘူးမြို့ သစ္စာမေတ္တာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇ၀န ထံမှ ကြွရောက်လာသော ဧည့်ပရိသတ်များများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ရွတ်ပွားချီးမြှင့်တော်မှုသော ပရိတ်တရားတော်ကို ရိုသေစွာနာယူကြပါသည်။ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့်ဇနီး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့်ဇနီးတို့နှင့် ဌာနဆိုင်ရာအကြီး အကဲများမှ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျှာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်ပြီး ပွင့်လှသိမ်းကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိက(ဓမ္မာစရိယ)ထံမှ လှူဒါန်းမှုအစု စုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်(၁၁)ပါးတို့အား လှူဖွယ် ပစ္စည်းနှင့် န၀ကမ္မအလှူငွေစုစုပေါင်း တန်ဘိုး(၁၈၂၅၅၀၀)ကျပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
          တင်ထွန်းဦး(မင်းဘူး)






0 comments:

Post a Comment