Thursday, November 5, 2015

*အဘယ့်ကြောင့် ဆိုသော်*

Yar Su Thitmgy added 10 new photos.မှ ကူးယူဖော်ပြပါသည်။
3 hrs · Edited ·
ဒီအကြောင်းတွေ မရေးချင်ပါ
အဘယ့်ကြောင့်ဆိုသော်
*အဘယ့်ကြောင့် ဆိုသော်*
ခင်ဗျားတို့ မမျော်လင့်နဲ့
ကျုပ်တို့ ထောက်ခံလိမ့်မယ်လို့
မမျှော်လင့်ပါနဲ့
အဘယ့်ကြောင့်ဆိုသော်
ခင်ဗျားတို့ သိမ်းသွားတာက
ကျုပ်တို့ရဲ့ လယ် ကျုပ်တို့ရဲ့ ယာ
ခင်ဗျားတို့ ဖျက်သွားတာက
ကျုပ်တို့ရဲ့ ဘုရား ကျုပ်တို့ရဲ့ သိမ်
ခင်ဗျာတို့ မီးနဲ့ရှို့ တာ
ကျုပ်တို့ရဲ့ ဆရာတော် ကျုပ်တို့ရဲ့ သံဃာတော်
ခင်ဗျားတို့ ရက်စက်ခဲ့တာက
ကျုပ်တို့ ချစ်တဲ့ လယ်သူမကြီးနဲ့ သတင်းထောက်
ခင်ဗျားတို့ ဖမ်းခဲ့တာက
ကျုပ်တို့ရဲ့ ကျောင်းသား သံမဏိ နှင်းဆီတွေ
ခင်ဗျားတို့ ရောင်းစားခဲ့တာက
ကျုပ်တို့ရဲ့ သစ်တော ကျုပ်တို့ရဲ့ သယံဇာတ
ခင်ဗျားတို့ လွှတ်ပေးခဲ့တာက
သူခိုး ဂျပိုး သစ်ခုတ် မုဒိမ်း လူသတ်ကောင်တွေ
ကျုပ်တို့ လွှတ်ပေးစေချင်တာက
ကျုပ်တို့ရဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသား
ဒါတွေကို မမေ့နိုင်သရွေ့တော့
ခင်ဗျားတို့ကို ဒီတစ်သက် မထောက်ခံဘူး
အဘယ့်ကြောင့်ဆိုသော်
အဘယ့်ကြောင့်ဆိုသော်
အဘယ့်ကြောင့်ဆိုသော်...
ရာစုသစ်mgy

0 comments:

Post a Comment