နတ်
မောက်
နိုဝင်ဘာ ၁၆
ယခုအခါမြန်မာ့သင်္ဘောသီးများဈေးကွက်တွင်ကွယ်ပျောက်စပြုလာပြီးအိမ်နီးချင်းနိုင်ငံများမှစပ်မျိုးသင်္ဘောသီထိုင်ဝမ်မျိုးစေ့များကိုစိုက်ပျိုးသူများပြားလာသဖြင့်နတ်မောက်မြို့မြို့မဈေးကြီးအတွင်းထိုင်ဝမ်သင်္ဘောသီးများကိုမြင်တွေ့ခဲ့ရသည်။
အဆိုပါစပ်မျိုးထိုင်ဝမ်သင်္ဘောသီးများမှာအရွယ်အစားကြီးမားလှပသော်လည်းမြန်မာမျိုးရင်းသင်္ဘောသီးလောက်မချိုသည်ကိုလက်တွေ့ဝယ်စားကြည့်၍သိရသည်။မြန်မာပြည်တစ်နံ့တစ်လျားလမ်းပန်းဆက်သွယ်ရေးများကောင်းမွန်သဖြင့်ကုန်စည်စီးဆင်းမှုများလည်းသွက်လက်မြန်ဆန်သောကြောင့်လတ်လတ်ဆတ်ဆတ်စားသုံးသီးနှံအမျိုးမျိုးကိုပြည်သူများစားသုံးနေကြရသည်။ယခုလည်းနတ်မောက်မြို့မြို့မဈေးကြီးအတွင်းထိုင်ဝမ်သင်္ဘောသီးများရောင်းချနေသဖြင့်မေးမြန်းကြည့်ရာ"ဒီထိုင်ဝမ်သင်္ဘောသီးများကိုပျဉ်မနားမြို့၊တောင်တွင်းမြို့နှင့်ကျောက်ပန်းတောင်းမြို့တို့မှယူရောင်းရတာပါသင်္ဘောသီးအလုံးကြီးတစ်လုံးကိုငွေကျပ်၈၀၀၊အလတ်တစ်လုံးကိုငွေကျပ်၆၀၀နှင့်အသေးတစ်လုံးကိုငွေကျပ်၂၀၀ဈေးရောင်းရပါတယ်"သင်္ဘောသီးကိုရာသီမရွေးလူတိုင်းစားသုံးသင့်ပါသည်။သင်္ဘောသီးရဲ့အာဟာရတန်ဖိုးမှာရောဂါကာကွယ်သောအစာအုပ်စုတွင်ပါဝင်ပြီးအစာကိုကျေညက်စေသဖြင့်ဝမ်းချုပ်၍ဝမ်းနုတ်ဆေးစားရန်ကြောက်သူများ၊ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများစားသုံးသင့်ပါသည်။အထိုင်များပြီးအညောင်းအညာကြီး၍ဝမ်းချုပ်သူများနှင့်လေးဘက်နာရှိသူများတွင်သင်္ဘောသီးအကြီးတစ်လုံးကိုထိပ်ဝတွင်ဓားဖြင့်ဖောက်ပြီးဗမာကြက်ဥတစ်လုံးထဲ၍မီးဖုတ်ခါသင်္ဘောသီးအတွင်းကြက်ဥအလုံးကြက်အောင်မီးဖုတ်၍ကြက်ဥကိုတစ်နေ့တစ်လုံးစားရင်လေးဘက်နာပျောက်ကင်းကြောင်းသင်္ဘောသီးရောင်းသည့်ဈေးသည်တစ်ဦးမှပြောကြားခဲ့ကြောင်းသိရသည်။
လှဝင်း(iprd)
0 comments:
Post a Comment