Friday, November 27, 2015

ပွင့်ဖြူ၌ ရဲလုပ်ငန်းဆောင်ရွက်ချက်များအား အသိပေးရှင်းလင်း




ပွင့်ဖြူ    နိုဝင်ဘာ   ၂၄
        ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ ပွင့်ဖြူမြို့ပေါ်ရှိ မြို့မိမြို့ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ရဲလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းခြင်းနှင့် ရဲလုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝေဖန်အကြံပြုချက်များ ရယူဆောင်ရွက်၍ ဆွေးနွေးခြင်းကို ပွင့်ဖြူမြို့မရဲစခန်း၌ နိုဝင်ဘာ ၂၃ ရက်နေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ရာ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ယာယီရဲမှူး အောင်ဆန်းမြင့်က တစ်လတစ်ကြိမ် မြို့နယ်ရဲတပ်ဖွဲ့၏ ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မှုခင်းကျဆင်းမှုအား ပိုမိုဆောင်ရွက်နိုင်မှု မြို့ပေါ်၌ လှည့်ကင်းနှင့် ဧည့်စာရင်းများအား မြို့ပေါ်တွင် ညဘက်များ၌ လိုက်လံစစ်ဆေးလျက် ရှိပါကြောင်း၊ တက်ရောက်လာကြသူများက ရဲလုပ်ငန်းဆောင်ရွက်ချက်များအပေါ်  ဝေဖန်အကြံပြုချက်များတွင် မြို့မိမြို့ဖဖြစ်သူ ဦးဟန်စိုးက ယာဉ်တိုက်မှုများ များလာ၍ ယာဉ်စည်းကမ်းအသိပညာပေးမှုများအား ကျယ်ပြန့်စွာဆောင်ရွက်ပေးရန် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးရန်နှင့် မော်တော်ယာဉ်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး (ငဖဲ)

0 comments:

Post a Comment