စေတုတ္တရာ
နိုဝင်ဘာ ၃၀
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကို
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်က စေတုတ္တရာမြို့ အ.ထ.က ကျောင်းခန်းမတွင်
ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး
လူထုဗဟိုပြုစီမံကိန်း စီမံကိန်းတာဝန်ခံ ဦးကျော်စွာအောင်(ညွှန်ကြားရေးမှူး)မှ အစည်းအဝေးပြုလုပ်ရခြင်း
အကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်လူထုဗဟိုပြုစီမံကိန်းအဖွဲ့
တာဝန်ခံမှ ကျေးရွာစီမံကိန်း(ပထမနှစ်)၏ စီမံကိန်းစက်ဝန်းအတွင်း အောင်မြင်မှုများနှင့်
အားနည်းချက်များ၊လူထုစစ်ဆေးပွဲ ရလဒ်များနှင့် အမှတ်ပေးကဒ်ရလဒ်များ၊ကျား/မရေးရာကဏ္ဍများ၊အကာအကွယ်(လုပ်ငန်းသုံး/သဘာဝပတ်ဝန်း
ကျင်)နှင့် အကြံပြုတိုင်းကြားခြင်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ စီမံကိန်းနှစ်အတွင်း လုပ်ငန်းကဏ္ဍများအလိုက်
တိုးတက်အောင်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ကိုင်တွယ်ဖြေရှင်းရသည့်
နည်းလမ်းများကို ပြန်လည်း ရှင်းလင်း တင်ပြကြပြီး အကောင်းဆုံး ဆောင်ရွက်မှု ၊ဘက်မလိုက်ဘဲ
အများလေးစားရသော ပုဂ္ဂိုလ်များပါဝင်သော ဂျူရီအဖွဲ့များ ဖွဲ့စည်း၍ အကဲဖြတ်စံနှုန်းများဖြင့်
အောင်မြင်မှုဆု ကျေးရွာအုပ်စု နှင့် ကျေးရွာ (၃)ဆုအားရွေးချယ်ကြသည်။၎င်းနောက် အကောင်းဆုံးဆောင်ရွက်မှု
ဆုရရှိသော ကျေးရွာအုပ်စုနှင့် ကျေးရွာများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းတာဝန်ခံတို့မှ
ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာ လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးဆယ်မောင်မှ နိဂုံးချုပ်စကားပြောကြားကာ
အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်စည်းပင်သာယာရေးကော်မတီဝင်များ၊ကျေးရွာအုပ်စုနှင့်ကျေးရွာ
များမှ လူထုဗဟိုပြုစီမံကိန် တာဝန်ခံများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment