Tuesday, November 3, 2015

စာကြည့်တိုက်များဖွင့်လှစ်သဖြင့် စာအုပ်စာပေဖတ်ရှုလေ့လာရန်လွယ်ကူ



ဂန့်ဂေါ အောက်တိုဘာ ၃၁
ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာသည် ဂန့်ဂေါမြို့အနီးဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်၏ တစ်ဖက်ကမ်းတွင်တည်ရှိသည့်အပြင် ရှေးဟောင်းသမိုင်းဝင် စွယ်တော်ရှင်စေတီတော်တည်ရှိခြင်း၊ လယ်ယာ ပေါများခြင်း၊ လမ်းပန်းဆက်သွယ်မှုလွယ်ကူခြင်း၊ဒေသနေပြည်သူများ ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်ခြင်းတို့ ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း ထူးခြားသည့်ကျေးရွာအဖြစ် လူသိများသည်။အဆိုပါ အနောက်ဂန့်ဂေါကျေးရွာတွင် သုတရိပ်မြုံစာကြည့်တိုက်
ကိုလည်းကောင်း၊ စွယ်တော်ရှင် စေတီတော်တွင် မြတ်စွယ်တော်ပိဋကတ်တိုက်ကိုလည်းကောင်း ထူထောင်ဖွင့်လှစ်ထားသဖြင့် ကျေးရွာနေပြည် သူများနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများ၊

 ကျောင်းသား၊ကျောင်းသူးများသည် စာပေကိုလွယ်လင့် တကူ ဖတ်ရှုနိုင်လျှက်ရှိသည်။
မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး နှင့်အဖွဲ့ သည် စွယ်တော်ရှင်စေတီတော်ပုရိဝုဏ်အတွင်း ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထားရှိသည့် စာပေရေချမ်းစင်ကိုလည်းကောင်း၊ ကျေးရွာ၏ သုတရိပ်မြုံစာကြည့်တိုက်ကို လည်းကောင်း အောက်တိုဘာ ၃၀ ရက်က ရောက်ရှိကြည့်ရှုစစ်ဆေးအားပေး၍ စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့် တိုက်မှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိတ်ကောင်းနှလုံးကောင်းရှိ သူများဖြစ်၍သာ စာကြည့်တိုက်လုပ်ငန်း ကို ဆောင်ရွက်နိုင်ကြကြောင်း၊ စာကြည့်တိုက်အတွက် facebook ဖွင့်လှစ်၍ စာကြည့်တိုက်လုပ် ငန်းဆောင်ရွက် မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် တင်ပြပေးသင့်ပါကြောင်းထည့်သွင်းပြောကြားပြီး စာအုပ်စာစောင် တိုးးပွါးရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

0 comments:

Post a Comment