Wednesday, November 25, 2015

မြေလတ်မီဒီယာစင်တာ(မင်းဘူး) မကွေးတိုင်းဒေသကြီး ဖွင့်လှစ်မည်

၁။  မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံး ဖွင့်လှစ်သော မြေလတ်မီဒီယာစင်တာ(မင်းဘူး) ဖြစ်ပါမည်။

၂။  မြန်မာပြည်တွင်းရှိမီဒီယာစင်တာများ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းများ(MJA),၊
 မြန်မာနိုင်ငံသတင်းကွန်ယက်များ(MJN)၊
 မြန်မာနိုင်ငံသတင်းသမ္မဂများ(MJU)၊ နိုင်ငံရေးပါတီများ၊ ပြည်ပနိုင်ငံတကာ သတင်းဌာနများ၊ NGO, INGO, CSO အဖွဲ့များ၊  သတင်းစာပညာတက္ကသိုလ်၊ ကောလိပ်များ၊ သတင်းစာပညာကျောင်းများ တိုဖြင့် သတင်းကွန်ယက် ချိတ်ဆက်ပေးထားပါမည်။

၃။  ၂၀၁၅၊ နိုဝင်ဘာ ၂၆ ရက်၊ ၁၃၇၇ ခု တန်ဆောင်မုန်းလပြည့်နေ့ည သန်းခေါင်းယံမိတ်ဆုံစားပွဲတွင် စတင်ဖွင့်လှစ်မည်။

မြေလတ်ဂျာနယ် ၀ိုင်းတော်သားများအားလုံး(သတင်းထောက်များ၊ဆောင်းပါးရှင်များ၊ ကာတွန်းဆရာများ၊ ကဗျာဆရာများ) ကို လေးစားစွာ ဖိတ်ကြားပါသည်။
 ယခင်က မြေလတ်ဂျာနယ်ကို စတင်ခဲ့သော သတင်းထောက်များ နှင့် လက်ရှိသတင်းထောက်များ တက်ရောက်နိုင်ပါသည်။

နေရာ ။ ရွှေတပင်ကားကွင်းအသစ်၏ အနောက်ဘက်၊ ကားကွင်းသစ်အနောက်ဘက်လမ်း၊ ရွှေတပင်မြို့သစ်၊ မင်းဘူးမြို့။

တက်ရောက်လိုသူများ ကြိုတင်အမည်စာရင်းပေးထားရန်မေတ္တာရပ်ခံအပ်ပါသည်။( နိုဝင်ဘာ ၂၅ ရက်နေ့ ည(၁၀)နာရီအချိန်ထိစာရင်းလက်ခံပါမည်)။

 Email;  myaylatmedia@ gmail.com

 ဖုန်း ၀၉-၄၄၀၂၂၅၁၀၀ /၀၉-၉၇၀၈၉၇၂၀၈ သို့စာရင်းပေးသွင်းထားနိုင်ပါပြီ...။

မြေလတ်ဂျာနယ်အယ်ဒီတာအဖွဲ့။

0 comments:

Post a Comment