This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 30, 2015

မင်းဘူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မင်းဘူးမြို့တွင်း သန့်ရှင်းရေးပြုလုပ်

၂၀၁၅ ဒီဇင်ဘာ ၁ရက် နံနက် ၇နာရီမှ နေ့ ၁၂ နာရီအချိန်ထိ အင်အား ၂၀၀ ကျော်ခန့်ဖြင့် စုပေါင်းပြုလုပ်ကြောင်းသိရသည်။
အဆိုပါ ပွဲကို မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်နှင့် ဦးကျော်စွမ်းရည်| အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းတို့မှ ဦးစီးဆောင်ရွက်ကြကြောင်း မြေလတ်ဂျာနယ်သို့သတင်းပေးသည်။
မြင့်ဦး(မင်းဘူး)

မင်းဘူး/   မင်းဘူး/စကုမြို့နယ် မကျီးသုံးပင် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ် သင်တန်း အတွက် ငွေကြေးကောက်ခံနေ

   
  မကျီးသုံးပင် ကျေးရွာတွင် ပြည်သူ့စစ်သင်တန်းအတွက် ကျေးရွာပြည်သူလူ
ထုအား တစ်အိမ်ထောင်လျင် တစ်ထောင်ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်
ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၁၄။၁၁။၂၀၁၅ရက်နေ့ ည၇နာရီခန့်က
၎င်းအိမ်တွင်ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောကြားကာ ငွေကောက်ခံလျက်
ရှိကြောင်း အဆိုပါကျေးရွာ ပြည်သူတစ်ချို၏ ပြောကြားချက်အရ သိရှိရသည်။
   ကျနော်တို့ကို အုပ်ချုပ်ရေးမှူးက နိဝင်ဘာ ၁၄ရက် ည၇နာရီလောက်မှာ အသံချဲ့စက်နဲ့ တစ်အိမ်တစ်ယောက် သူအိမ်လာဖို့ခေါ်တယ်  အားလုံးစုံတော့ ပြည်သူ့စစ်သင်တန်းတက်ဖို့ ရွာက၁၅ဦး ရေပေါ်ကျေးရွာက ၁၀ဦး ရေငံ ပက်ပယ်က ၅ဦး ပေါင်း၃၀ဦးအား ရွာမှာ သင်တန်းပေးရမယ်
သင်တန်းသားများအား တစ်နေ့ သုံးထောင်ကျပ်ပေးရမယ် ကျွေးမွေးစရိတ်
စိုက်ရမယ် ဒါကြောင့် တစ်အိမ်ထောင် တစ်ထောင်ကျပ် ပေးရမယ်လို့ ပြောပါ
တယ် ရွာက အုပ်ချုပ်ရေးမှူးအိမ် သွားပေးရပါတယ် ရွာမှာအိမ်ခြေ ၆၀၀ကျော် ရှိပါတယ် အခုလို ပေးရတာ လူထုက မကျေနပ်ကြဘူး ဟု အဆို
ပါကျေးရွာနေ ဦးဌေးဝင်းမှပြောသည်။
    မကျီးသုံးပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင်လှိုင်အား ဆက်သွယ်မရ၍ မြို့
နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးမှ
ပြည်သူ့စစ်သင်တန်း ပေးတာက မှန်ပါတယ် ငွေကြေးကောက်ခံတာတော့ မ
ရှိပါဘူးဟုပြောသည်။
    အဆိုပါ ကျေးရွာမှ ပြည်သူတစ်ဦးက နိင်ဝင်ဘာ ၁၆ရက်ညက ရွာအုပ်ချုပိရေးမှူးက ပြန်ပေးခိုင်းလို့ဆိုပြီး ဦးသန်းတင်ညွှန် ဦးမောင်မောင်ဦး ဦးသိန်း
ဇော်ဦးတို့က အိမ်တိုင်းဝငမပြီး ငွေပြန်ပေးပါတယ် မေးတော့ တိုင်လို့ဆိုလား
သတင်းမီဒီယာတွေ သိသွားလို့ဆိုလား မရေမရာပြောပါတယ်ဟုပြောသည်။
  မကျီးသုံးပင် ကျေးရွာပြည်သူများက ကောက်ခံငွေများ အိမ်တိုင်လာရောက်
ပြန်ပေးသဖြင့် ကျေနပ်အားရ ဝမ်းသာဖြစ်ကြကြောင်း သတင်းမီဒီယာအား
ဖုန်းဆက်ပြောကြားသည်။
                        တင်ရွှေ(မင်းဘူး)
 

မြေလတ်ဂျာနယ် အတွဲ ၁ အမှတ် ၂၀ ဒီဇင်ဘာ ၃ ရက်နေ့မှ ထွက်ပါမည်။

မြေလတ်ဂျာနယ် အတွဲ ၁ အမှတ် ၂၀ ဒီဇင်ဘာ ၃ ရက်နေ့မှ ထွက်ပါမည်။
မြေလတ်ဂျာနယ်ကို ဒေသခံသတင်းထောက်များ စုပေါင်းပြီး အများပိုင် ဂျာနယ်အဖြစ် စတင်ထုတ်ဝေဖြန့်ချီလိုက် ပြီ့။
စိတ်ဝင်စားသူ စာရေးဆရာ| ကဗျာဆရာ | ကာတွန်းဆရာများ နှင့် သတင်းထောက်များ သတင်းထောက်လုပ်လိုသူ သတင်းထောက်အသစ်များ အစုရှယ်ယာဝင်နိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်း ၀၉ ၄၄၀၂၂၅၁၀၀ / ၀၉ ၉၇၀၈၉၇၂၀၈

ဆေးလိပ်မီးပေါ့ဆစွာ စွန့်ပစ်၍ မီးလောင်မှုဖြစ်ပွား




မင်းဘူး     နိုဝင်ဘာ     ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာ အနောက်ဘက် (၆)ဖာလုံခန့် အကွာရှိ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်နေသူ ကျော်ဝင်းထွန်း (ခ)ဘိုဘို (၃၅)နှစ် ပိုင်ဆိုင်သည့် ကြက် မွေးမြူရေးခြံ အဟောင်းနှင့် ကပ်လျက်ရှိ အမှိုက်ပုံအား ဆေးလိပ်တို စွန့်ပစ်မီး မှတဆင့် ကြက်မွေးမြူရေး ခြံဟောင်းအား မီးကူး စက်လောင်ကျွမ်းမှု နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးရဲတပ်ဖွဲ့ဝင်များ မင်းဘူး မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှူး နှင့်အဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ သားများ၊ စုစုပေါင်း အင်အား (၃၅)ဦးခန့်တို့မှ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ (၅၀)မိနစ်အချိန် မီးလုံးဝ ငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျော်ဝင်းထွန်း(ခ) ဘိုဘို ပိုင်ဆိုင်သော အလျား (၁၆၀)ပေ၊ အနံ(၂၂) ပေရှိ ၀ါးခင်း/ကာ၊ သက္ကယ်မိုး၊ ကြက်မွေးမြူရေးခြံဟောင်း (တန်ဘိုး ၁၅၀၀၀၀ိ/-ခန့်) မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ကျော်ဝင်းထွန်း (ခ) ဘိုဘိုအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)

ဆိုင်ကယ်မဆင်မခြင် မောင်းနှင်၍ လမ်းဘေးမြေနီပုံဝင်တိုက်မိ သေဆုံး




ငဖဲ     နိုဝင်ဘာ     ၃၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ကငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာအနီး၊ ငဖဲ-စေတုတ္တရာကားလမ်းမိုင်တိုင် အမှတ် (၁၃/၅ နှင့် ၁၃/၆)ကြားတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း လေးအိမ်စုကျေးရွာဘက်မှ ငဖဲမြို့ဘက်သို့ ငဖဲမြို့နယ်၊ ပန်းထိမ်းကျေးရွာနေသူဦးသက်တင် (၄၇)နှစ် တစ်ဦးတည်းမောင်းနှင်လာသော ၂၃ယ/xxxxx SUMBO STAR WAVE 125 ဖြူနီကြားရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲလမ်း၏ ၀ဲဘက်တွင် ပုံထားသည့် မြေနီပုံအား ၀င်ရောက်တိုက်မိ၍ ဦးသက်တင်မှာအပြင်းအထန် ဒဏ်ရာများရရှိပြီးနေရာတွင် သေဆုံးသွားသဖြင့် ငဖဲမြို့နယ်၊ မြို့မရဲစခန်းအမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

မကွေးတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ်အဆောက်အဦဖွင့်ပွဲကျင်းပ



မကွေး    နိုဝင်ဘာ   ၃၀

          မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ်အဆောက်အဦဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၉)နာရီအချိန်ကကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်သက်သက်ဇင်မှ အဖွင့်အမှာစကားပြောကြားပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော/သတ္တုနှင့် စွမ်းအင်ဝန်ကြီးဦးသိန်းထွန်းကအမှာစကားပြောကြားသည်။
          ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ် ညွှန်ကြားရေးမှုးဦးနေအေးမှရုံးသစ်ဖွင့်ပွဲအမှတ် အထိမ်းအမှတ် အမှတ်တရလက်ဆောင်အားပြည်ထောင်စုဒုတိယ၀န်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့ထံပေးအပ်သည်။  ဆက်လက်၍ ပြည်ထောင်စုဒုတိယ၀န်ကြီးတိုင်းဒေသကြီးသစ်တော/သတ္တုနှင့်စွမ်းအင်ဝန်ကြီး ပတ်ဝန်းကျင်ထိန်းသမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်တို့ကအဆောက်အဦသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးစုပေါင်းအမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကာမကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးရုံး(ရုံးသစ်) ဖွင့်ပွဲအမှတ်တရသစ်ပင်စိုက်ပျိုးကြောင်းသိရသည်။
          သတင်းပေးပို့သူ- ညီညီမောင်

လူမှုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကျင်းပ




စေတုတ္တရာ        နိုဝင်ဘာ        ၃၀
          မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင်  လူထုဗဟိုပြုစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကို နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်က စေတုတ္တရာမြို့ အ.ထ.က ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း စီမံကိန်းတာဝန်ခံ ဦးကျော်စွာအောင်(ညွှန်ကြားရေးမှူး)မှ အစည်းအဝေးပြုလုပ်ရခြင်း အကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်လူထုဗဟိုပြုစီမံကိန်းအဖွဲ့ တာဝန်ခံမှ ကျေးရွာစီမံကိန်း(ပထမနှစ်)၏ စီမံကိန်းစက်ဝန်းအတွင်း အောင်မြင်မှုများနှင့် အားနည်းချက်များ၊လူထုစစ်ဆေးပွဲ ရလဒ်များနှင့် အမှတ်ပေးကဒ်ရလဒ်များ၊ကျား/မရေးရာကဏ္ဍများ၊အကာအကွယ်(လုပ်ငန်းသုံး/သဘာဝပတ်ဝန်း ကျင်)နှင့် အကြံပြုတိုင်းကြားခြင်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ စီမံကိန်းနှစ်အတွင်း လုပ်ငန်းကဏ္ဍများအလိုက် တိုးတက်အောင်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ကိုင်တွယ်ဖြေရှင်းရသည့် နည်းလမ်းများကို ပြန်လည်း ရှင်းလင်း တင်ပြကြပြီး အကောင်းဆုံး ဆောင်ရွက်မှု ၊ဘက်မလိုက်ဘဲ အများလေးစားရသော ပုဂ္ဂိုလ်များပါဝင်သော ဂျူရီအဖွဲ့များ ဖွဲ့စည်း၍ အကဲဖြတ်စံနှုန်းများဖြင့် အောင်မြင်မှုဆု ကျေးရွာအုပ်စု နှင့် ကျေးရွာ (၃)ဆုအားရွေးချယ်ကြသည်။၎င်းနောက် အကောင်းဆုံးဆောင်ရွက်မှု ဆုရရှိသော ကျေးရွာအုပ်စုနှင့် ကျေးရွာများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းတာဝန်ခံတို့မှ ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာ လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးဆယ်မောင်မှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်စည်းပင်သာယာရေးကော်မတီဝင်များ၊ကျေးရွာအုပ်စုနှင့်ကျေးရွာ များမှ လူထုဗဟိုပြုစီမံကိန် တာဝန်ခံများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)