Monday, October 26, 2015
ဗုဒ္စဘာသာကလျာဏယုဝအသင်း (YMBA)သတ္ထတိံသ(၃၇)ကြိမ်​​ မြောက်​ ဓမ္မပူဇာ ဆုနှင်းသဘင်​ အခမ်းအနားကျင်းပ
    မ​ကွေးတိုင်း​ဒေသကြီး  ​ချောက်​မြို့
နယ်​ရှိ ဗုဒ္စဘာသာကလျာဏယုဝအသင်း
(YMBA) သတ္ထတိံသ(၃၇)ကြိမ်​​မြောက်
ဓမ္မပူဇာ ဆုနှင်းသဘင်​အခမ်းအနားကို
အမှတ်​(၁၁)နယ်​​မြေဗဟိုကွက်​သစ်​ရပ်
သာသနာ့ဗိမာန်​​တော်​၌ယ​နေ့​နေလည်
(၁၃း၀၀)နာရီအချိန်​ကကျင်းပပြုလုပ်
ကြောင်းသိရသည်​။
    အဆိုပါအခမ်းအနားတွင်​ချောက်​မြို့
နယ်​သံဃနာယကအဖွဲ့အကျိုး​တော်
ဆောင်​ ​ရွှေပုံ​တောင်​ဆရာ​တော်ဘဒန္ထ
တိက္ခသာရ မှသြဝါဒကထာမြွက်​ကြား
ခြင်း၊​ချောက်​မြို့ဗုဒ္စဘာသာကလျာဏ
ယုဝါအသင်း(YMBA)အသင်းခွဲ(၂၀)
ဥက္ကဌ ဦးစိုးနား(မဟာမင်္ဂလာသဒ္စမ္မ 
ဇောတိကဓဇ)မှမိတ်​ဆက်​စကား​ပြော
ကြားခြင်း၊ရန်​ကုန်​မြို့ ဗု​ဒ္စဘာသာကလျ
ဏယုဝါအသင်းချုပ်​(YMBA)ဥက္ကဌ၏
သဝဏ်လွှာကို​ချောက်​မြို့အသင်းအတွင်း​ရေးမှူး
ဦးမြင့်​သူမှဖတ်​ကြားခြင်း မြို့နယ်​​ထွေ
အုပ်​ရုးံ ဒုဦးစီးမှူး ဦးမျိုးမင်း​အောင်​မှ
အမှစကား​ပြောကြားပြီး​နောက်​ ၊ မြို့နယ်​သာသနာ​ရေးဦးစီး
ဌာန ဦးမြင့်​​အောင်​မှလည်း ပရိယတ္ထိ
သာသနာနှင့်​စပ်​လျဉ်း၍​ပြောကြားခဲ့
ကြောင်းသိရသည်​။
         ဆက်​လက်​၍ မင်္ဂလာ တ​ရား
တော်​နှင့်​ ဗုဒ္စဝင်​ စာ​မေးပွဲပထမအဆင့်
အငယ်​တန်းဗဟိုထူးချွန်​ဆုရသူ အမှတ်
(၁)အထက​ မှ မ​ဆောင်း​ဟေမာန်​သွင်
၏မင်္ဂလာ ဗုဒ္စဝင်​သင်​ကြားရခြင်းအကျိုး
ကျေးဇူး​ပြောကြားခြင်း၊၂၀၁၄-၂၀၁၅
ပညာသင်​နစ်​တက္ကသိုလ်​ဝင်​တန်းမြန်
မာစာထူးချွန်​ဆုရသူ အမှတ်​(၁)အထ
က​မှ​ မ​မေငြိမ်းချမ်းညီမှ​ကျေးဇူးတင်​စ
ကား​ပြောကြားခြင်းနှင့်​ သာသနာဗိမာန်
ဆု​တောင်​ပြည့်​မြတ်​စွာဘုရားအလှု​​ငွေ
လှုဒါန်းခြင်းနှင့်​လှုဒါန်းသူများအား​ကျေး
ဇူးတင်​မှတ်​တမ်းလွှာချီးမြှင့်​ခဲ့​ကြောင်း
သိရသည်​။
     ယင်း​နောက်​မင်္ဂလာတရား​တော်​နှင့်
ဗုဒ္စဝင်​သင်​တန်းများတည်​တံ့ခိုင်​မြဲ​စေ
ရန်​အဖက်​ဖက်​မှနှစ်​ရှည်​လများအကျိုး
ဆောင်​သူများအားဂုဏ်​ပြုတံဆိပ်​နှင့်
အတူမှတ်​တမ်းလွှာများချီးမြှင့်​​ပေးခဲ့ပြီး
နောက်​(ဆသာဠိ-၆၆)ကြိမ်​​မြောက်​မင်္ဂ
လာတရား​တော်​ဗဟိုထူးချွန်​ဆုရ၊ဗဟို
အထူး​အောင်​မြင်​သူ ​ရိုးရိုး​အောင်​မြင်​သူ
ကျောင်းသား/သူများ၊၂၀၁၄-၂၀၁၅
တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲမြန်​မာစာ
ထူးချွန်​ဆုရသူများနှင့်​(ဧကူ နဝီသတိ-
၁၉)ကြိမ်​မြောက်​စာစီစာကုံးပြိုင်​ပွဲဆုရရှိ
သူများအပါအဝင်​​ပေါင်း(၃၃၄)ဦးအား
အသင်းတာဝန်​​ရှိသူများ အကျိုး​တော်
ဆောင်​များ ဌာနဆိုင်​ရာအကြီးအကဲ
များမှ အသီးသီးဆုချီးမြှင့်​ခဲ့​ကြောင်း
သတင်းရရှိသည်​။
                          ဝင်းအိမွန်​(ပြန်​ဆက်​)
0 comments:
Post a Comment