ပခုက္ကူ အောက်တိုဘာ
၇
မကွေးတိုင်း ဒေသကြီးလူမူဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သောရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်
ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ECCD သင်တန်း ဖွင့်ပွဲကို
အောက်တိုဘာ ၇ ရက်ကပခုက္ကူမြို့နယ်မူလတန်းကြိုကျောင်းခန်း
မတွင် ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး
လူမူဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ခင်နွဲ့ကရှေး
ဦးအရွယ်
အလေးသူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်မူ ဆိုင်ရာနည်းလမ်းများမှန်ကန်စေ
ရန်၊ဆရာမ
များပြုစုစောင့်ရှောက်သူများ လုပ်ငန်းကျွမ်းကျင်မူရှိရန်၊ ကလေးသူငယ်များအတွက် ECCD
နည်းစနစ်မှန်
ကန်သောမူလတန်းကြိုကျောင်းများ
ရာနှုန်းပြည့်ပေါ်ထွန်းလာစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းအဖွင့်အမှာစကားပြော
ကြားပြီး
သင်တန်းသူတစ်ဦးမှသင်တန်း မိတ်ဆက်စကား ပြောကြားသည်။
ထို့သင်တန်းတွင် သင်တန်းသူဦးရေ ၁၀၅ ဦး
တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ရက်သတ္တပတ် (၃)
ပတ်
ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ဥာဏ်တိုး(ပေါက်)
0 comments:
Post a Comment