Tuesday, October 13, 2015

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးအား THE CARTER CENTER မှ ရွေးကောက်ပွဲ ရေရှည် စောင့်ကြည့်လေ့လာသူ Mrs Kirsten Mogensen (Field Staff) လာရောက်တွေ့ဆုံမှုသတင်း

မကွေးမြို့ ၊ အောက်တိုဘာလ (၁၂) ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ THE CARTER CENTER မှ ရွေးကောက်ပွဲ ၊ရေရှည်စောင့်ကြည့်လေ့လာသူ Mrs Kirsten Mogensen (Field Staff) နှင့် စကားပြန် မောင်ဟိန်းနိုင်စိုး တို့သည် ၎င်းနေ့ နေ့လည် (၁) နာရီအချိန်မှ (၁း၂၀) အချိန်ထိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် လာရောက် ၊တွေ့ဆုံ အမေးအဖြေပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Mrs Kirsten Mogensen (Field Staff)မှ ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အစီအမံ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိမဲရုံများသို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ သွားရောက် ရာတွင် လုံခြုံရေးအရ အခက်အခဲရှိသည့်နေရာများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ ပြန်လည်ဖြေကြားခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment