Friday, October 9, 2015

မိုးအစေ့ထုတ်ပြောင်းမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ရိတ်သိမ်း


  တောင်တွင်းကြီး           အောက်တိုဘာ              ၉
  မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍တောင်တွင်းကြီးမြို့နယ်
  တွင်အစေ့ထုတ်ပြောင်းတစ်ဧကထွက်နုန်းတိုးတက်မြင့်မားရေးမိုးအစေ့ထုတ်
  ပြောင်းမျိုးများမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များရိတ်သိမ်းပွဲကိုအောက်တိုဘာ ၉ ရက်နံနက် ၉  နာရီကချောင်းနက်အုပ်စုကရင်စုကျေးရွာကွင်းအမှတ်(၂၇၂၉)
  တောင်သူဒေါ်သိန်းမြိုင်၏ယာမြေ၌ကျင်းပသည်။
          အဆိုပါစံကွက်ရိတ်သိမ်းရာတွင်မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်
  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းမြင့်နှင့်မြို့နယ်စိုက်ပျိုးရေးညှိနိုင်းမှုအဖွဲ့ဝင်များ
  ဒေသခံတောင်သူများကြည့်ရှုလေ့လာခဲ့ရာပြောင်းမျိုးအမှတ် ၀၁/၁၅ မျိုးမှာ
  (၈၀.၀၈)တင်းl၀၂/၁၅ မျိုးမှာ(၈၉.၆၅)တင်းl၀၃/၁၅ မျိုးမှာ(၈၄.၅၉)တင်းl
  ၀၄/၁၅ မျိုးမှာ(၉၇.၈၆)တင်းl၀၅/၁၅ မျိုးမှာ(၉၉.၅၀)တင်းl၀၇/၁၅မျိုးမှာ
  (၉၆.၄၄)တင်းနှင့်ဒေသမျိုးစူဝမ်မှာ(၈၈.၅၄)တင်းနုန်းထွက်ရှိသဖြင့်ပြောင်း
  မျိုးအမှတ် ၀၅/၁၅ မျိုးမှာအခြားပြောင်းမျိုးများထက်အထွက်နုန်းပိုမိုထွက်ရှ
  သည်။
            ပြောင်းမျိုးအမှတ်၀၅/၁၅မျိုးကိုဒေသခံပြောင်းစိုက်တောင်သူများ
  ပိုမိုကြိုက်နှစ်သက်ကြပြီးလာမည်နှစ်များတွင်တိုးချဲစိုက်ပျိုးသွားမည်ဖြစ်
  ကြောင်းကရင်စုကျေးရွာတောင်သူဒေါ်သိန်းမြိုင်ထံမှသိရသည်။
   နိုင်ဝင်း

0 comments:

Post a Comment