Sunday, October 25, 2015

ကိုယ့်အားကိုယ်ကိုး ဘ၀အလင်းရောင် စာကြည့်တိုက် ဆောက်လုပ်နေမှုအား ကြည့်ရှုအားပေး




မြိုင်  အောက်တိုဘာ  ၂၂
          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ
ဦးဇော်ဌေးအောင် နှင့်အဖွဲ့သည် မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ ကန်ကြီးတော(အနောက်)ကျေးရွာသို့
ရောက်ရှိ၍ ကိုယ့်အားကိုယ်ကိုး  ဘ၀အလင်းရောင် စာကြည့်တိုက် ဆောက်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး
ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ စာကြည့်တိုက် အမှုဆောင်များအား တွေ့ဆုံကာ လိုအပ်သည်များကို
အကြံပြု မှာကြားခဲ့သည်။
          အဆိုပါ   စာကြည့်တိုက် အဆောက်အဦးမှာ အလျား ၃၆ပေ၊ အနံ ၁၈ပေ၊ အမြင့် ၉ပေ ရှိပြီး သွပ်မိုး၊
အုတ်ကာ၊ တမံသလင်းခင်းဖြစ်ပြီး    ခန့်မှန်းတန်ဘိုးမှာ ငွေကျပ်(၃၅)သိန်းကျော် ကုန်ကျမည်ဖြစ်ကြောင်းနှင့်
စာကြည့်တိုက် ဆောက်လုပ်ရန်မြေအလှူရှင်မှာ မြိုင်မြို့ ၊အမှတ်(၃)ရပ်ကွက်နေ ဦးကျော်ဝင်း+ဒေါ်ယဉ်ယဉ်ပြုံး
မိသားစုတို့မှ လှူဒါန်းကြောင်း  သိရသည်။ 
    အောင်ကျော်မြင့်

0 comments:

Post a Comment