ငဖဲ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည်
အောက်တိုဘာ ၂၄ ရက်နေ့ နေ့လည် (၁၂း၃၅)နာရီ အချိန်ခန့် ငဖဲမြို့နယ်၊
လိုင်ကျေးရွာတွင် မီးရှို့မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ
အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာ ငဖဲမြို့နယ်၊ လိုင်ကျေးရွာနေသူ မောင်ချိတ်(ခ)
တင်ဝင်းကျော် (၃၂)နှစ်သည် ၁၂း၃၀ အချိန် နေအိမ်၌ အရက်သေစာ သောက်စားမူးယစ်ပြီး
ဇနီးဖြစ်သူ မပလှ (၂၈)နှစ်နှင့် စကားများ ရန်ဖြစ်ရာမှ ၎င်းတို့နေထိုင်သော
(၃)ပင်ပတ်လည်၊ မျက်သက္ကယ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်အား ဂက်စ်မီးခြစ်ဖြင့်
မီးရှို့ခဲ့သဖြင့် မီးစွဲလောင်းကျွမ်းခဲ့ရာ ဂုတ်ကြီးရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်
များ၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ရွာသူ/သား(၂၀)ဦးခန့်တို့မှ
ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၁၂း၄၅) အချိန် မီးငြိမ်းသွား ခဲ့ပြီး မီးလောင်မှုကြောင့်
(၂၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့သဖြင့် နေအိမ်မီးရှို့သူ မောင်ချိတ်(ခ) တင်ဝင်းကျော် အား
ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်း (ပ)၆၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၃၆ အရ
အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment