Saturday, October 31, 2015

မြသလွန်စေတီတော်ကြီးတွင် သစ်သီးဆွမ်းနှင့်ဆီမီး(၉၀၀၀)ပန်း(၉၀၀၀)နံ့သာ(၉၀၀၀) ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ




မကွေးအောက်တိုဘာ    ၂၉
သမိုင်းဝင် မြသလွန်စေတီတော်ကြီးသီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့တွင်ဆီမီး(၉၀၀၀) ပန်း(၉၀၀၀)၊ နံသာ (၉၀၀၀)ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပြီးဘုရားပွဲတော်အဖြစ်သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁၄) ရက်နေ့ထိကျင်းပခဲ့ရာ ယခုနှစ်တွင် ဘုရားပွဲတော်ကို တစ်ပတ်ခန့်စော၍ဖွင့်လှစ်ခဲ့သဖြင့်အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိသည်။

မကွေးမြို့၏သမိုင်းဝင်စေတီတော်ဖြစ်သည့်မြသလွန်စေတီတော်မြတ်ကြီး (၂၅၇၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး သီတင်းကျွတ်လပြည့်နေ့တွင် သစ်သီးဆွမ်းနှင့်ပန်း(၉၀၀၀)ကပ်လှူပွဲကိုနံနက် ၅ နာရီကကျင်းပရာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်ဝန်ကြီးများ၊တိုင်း/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်ဘုရားဖူးလာပြည်သူများတက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ညပိုင်း၆နာရီ အချိန်တွင် ဆီမီး(၉၀၀၀)နှင့် နံသာ(၉၀၀၀)ကို ဆက်ကပ်လှူဒါန်းပွဲ ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်ဇနီးတို့က ဆီမီး ၉၀၀၀ ပူဇော်ပွဲဖွင့်လှစ်ထွန်းညှိပူဇော်ကာ အစိုးရအဖွဲ့ဝင် ၀န်ကြီိးများ၊တိုင်း/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်ဘုရားဖူးလာပြည်သူများမှနံ့သာ ၉၀၀၀ ကပ်လှူပူဇော်ပြီး စေတီတော်ကြီးတွင်ဆီမီးများထွန်းညှိပူဇော်ခဲ့ကြသည်။
ထို့နောက် ဘုရားဖူးလာပြည်သူများက မီးရှုးမီးပန်းများပစ်လွှတ်ပူဇော်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးတွင် ဆီမီးများထွန်းညှိပူဇော်ထားမှုကို ဧရာဝတီမြစ်ကြောင်းအတွင်း မှသင်္ဘောဖြင့် လှည့်လည်ဖူးမျော်ကြည်ညိုသဒ္ဒါပွားများခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment