သရက် အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊
သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းမကြီး ကျေးရွာနေသူ ဦးထွန်းမောင် (၂၅)နှစ် သည် အောက်တိုဘာ
၂၂ ရက်နေ့ နေ့လည် (၁၂း၁၀)နာရီ အချိန်ခန့်တွင် ၎င်းပိုင် အနီကြားရောင် နွားထီး
(၁)ကောင် (တန်ဖိုး ၅၅၀၀၀၀ိ/-ခန့်)အား ရွာအရှေ့ဘက် (၂)ဖာလုံခန့်အကွာ ဦးစန်းညွန့်
ပိုင်သော ယာခင်း နွားစားကျက်တွင် ကြိုးချည်ထားခဲ့ကာ နေအိမ်သို့ ထမင်းပြန်စားပြီး
(၁)နာရီခွဲအချိန်ခန့် နွားစာကျက်သို့ ပြန်သွားရာ ကြိုးချည်ထား ခဲ့သောနွားမှာ
ပျောက်ဆုံးနေကြောင်း သတင်းအရ ဘော်နယ်မြေ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ
လိုက်လံစုံစမ်းရှာဖွေစဉ် စမ်းမကြီးကျေးရွာနေသူ လွှမ်းမင်းနိုင် (၂၃)နှစ်မှ
ခိုးယူသွားကြောင်း စုံစမ်းသိရှိရသဖြင့် လွှမ်းမင်းနိုင်အား စစ်မေးရာ ခိုးယူသွားသော
နွားအား စမ်းမကြီးကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာ တောအတွင်းရှိ
ရှားပင်အောက်တွင် ၀ှက်ထားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် သက်သေများနှင့်အတူ
သွားရောက် သိမ်းဆည်းပြီး နွားခိုးယူသွားသူ လွှမ်းမင်းနိုင်အား သရက်မြို့နယ်၊
ဘော်နယ်မြေ ရဲစခန်း (ပ)၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(တိရိစ္ဆာန်) အရ
အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment