Tuesday, October 13, 2015

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်သရက်မြို့နယ်တုတ်ကိုင်းတံတားမျှောပါ ပျက်စီး




သရက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊သရက်မြို့တွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
သရက်-မင်းလှလမ်း မိုင်တိုင်အမှတ် ၁၄/၅ ပေါ်ရှိ တံတားအမှတ် ၄/၂၀၁၅ သံဘေလီတံတား ပေ ၂၄၀ ခန့် ၊ တုတ်ကိုင်းတံတာ သည် ယနေ့နံနက် ( ၂း၀၀)အချိန်တွင် ချောင်းရေစီးကြောင့်မျောပါပျက်စီး ခဲ့သည် ။ရေဘွက် အုပ်စု၊ တောမွန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁/၄ ပေါ်ရှိ တံတားအမှတ် ၁/၁၂သံကူကွန်ကရစ်တံတား ပေ၁၄၀ခန့်စွယ်တော်တံတားအား ချောင်းရေကျော်သဖြင့် သွားလာရေးပြတ်တောက်လျှက်ရှိ ကြောင်း သိရသည်။အဆိုပါ တံတားများမျော ပါခြင်း၊ ရေကျော်ခြင်းများကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံး ရှုံးမှုမရှိဘဲ ချောင်းရေလျှံခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးအန္တာရယ်ကင်း ရှင်းစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်နှင့်တာဝန်ရှိသူများကကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment