Saturday, October 31, 2015

မြသလွန်စေတီတော်မြတ်ကြီးတွင် (၂၀)ကြိမ်မြောက်ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချ မင်္ဂလာ ကျင်းပ




မကွေး     အောက်တိုဘာ     ၃၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများစေတနာရှင်များ၏ (၂၁) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ၊ရေစက်ချ မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ၂၉ ရက် မွန်းလွဲ ၂ နာရီက မြသလွန်စေတီတော် ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်တွင် ကျင်းပခဲ့ရာ အခမ်းအနားကို       နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ဖွင်လှစ်ပြီး မကွေးမြို့ ရာဇမုနိ တောင်ပေါ်ကျောင်းတိုက်  ပဓာနနာယက နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော် ဘဒ္ဒန္တကေလာသ (မဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင် သူမြတ်တို့ ရွက်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုနာယူ ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီိးဝန်ကြီိးချုပ်ဦးဘုန်းမော်ရွှေနှင့်ဇနီးဒေါ်စမ်းစမ်းမြင့်အမှူးပြုသော အကြီးအကဲများမှ သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ပစ္စည်းနှင့်လှူဒါန်းသည့်တန်ဘိုးစုစုပေါင်းစာရင်းကို အလှူရှင်များ စေတနာ သဒ္ဓါတရား ပွားများစေရေး ဖတ်ကြားကြေငြာခဲ့သည်။

၎င်းနောက် မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ ၀န်ဆောင်ဆရာတော် ဘဒ္ဒန္တစိန္တာသာရ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆွမ်းဆန်တော်လောင်းလှူပွဲ၊ရေစက်ချ မင်္ဂလာအခမ်းအနား ဗုဒ္ဓ သာသနံ စိရံတိဌတု သုံးကြိမ်ရွက်ဆို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မြသလွန်ရင်ပြင်တော်မှတန်ဆောင်းတလျှောက် ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများလောင်လှူပွဲကျင်းပရာ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်(၉၄)တိုက်မှ သံဃာတော်အပါး နှစ်ထောင်ကျော်တို့အား တိုင်းဒေသကြီိးဝန်ကြီိးချုပ်ဦးဘုန်းမော်ရွှေနှင့်ဇနီးဒေါ်စမ်းစမ်းမြင့်အမှူးပြုသော အကြီးအကဲများနှင့်အလှူရှင်ပြည်သူများက သဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment