Wednesday, October 14, 2015

ချောက်ရေနံဆေးရုံ ကလေးဆေးကုသဆောင်အသစ် ဆောက်လုပ်ပြီးစီးမှု လွှဲပြောင်းပေးအပ်ပွဲ


အခမ်းအနားကျင်းပ ချောက် အောက်တိုဘာလ ၁၃ ရက် စွမ်းအင်ဝန်ကြီးဌာန ၊မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီတို့၏ CSR လုပ်ငန်း အစီအစဉ်များမှ ရေနံဆေးရုံ ကလေးဆေးကုသဆောင်အသစ် ဆောက်လုပ်ပြီးစီးမှု လွှဲပြောင်းပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချောက်ရေနံဆေးရုံ ကလေးဆေးကုသဆောင်အသစ် ဆောက်လုပ်ပြီးစီးမှု လွှဲပြောင်းပေးအပ်ပွဲ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈း၀၀)အချိန်က ချောက်ရေနံဆေးရုံတွင်ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ၊ဒုတိယ၀န်ကြီး ဦးမြင့်ဇော် နှင့်အဖွဲ့များ ၊ အလှူရှင်များ ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။ အခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးမြင့်ဇော် ၊(PUMA Company)မှ ကိုယ်စားလှယ် ဦးခင်မောင်ထွန်း၊ (Goldpetrol) Field Manager မစ္စတာ ပါပရာဒိုဗို ၊ ချောက်/လမ်းရွာအထွေထွေမန်နေဂျာ ဦးကရင်နော်အောင် ၊ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်၊ ရေနံဆေးရုံ ဆရာဝန်ကြီးဒေါက်တာရဲညွန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာမှ အဆိုပါ ကလေးဆေး ကုသဆောင် ဆောက်လုပ်လှူဒါန်းခြင်း  ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆေးရုံအုပ်ကြီး ဆရာဝန်ကြီး ဒေါက်တာရဲညွန့်နှင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာအေးကို တို့ကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ရေနံကလေးဆေးကုသဆောင်အတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းပေးသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူတို့ကပေးအပ်ခဲ့ရာ အလှူရှင်အသီးသီးတို့က လက်ခံရယူခဲ့သည်။ ထို့နောက် ဒုတိယ၀န်ကြီးဦးမြင့်ဇော်မှလည်းအမှာစကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရသည်။ ချောက်ရေနံကလေးဆေးကုသဆောင်အတွက်  Goldpetrol ကုမ္ပဏီမှ ငွေကျပ် ၂၀၁.၅ သိန်းဖြင့်ဆောက်လုပ်ခဲ့ပြီး Air-Com (၅) လုံး၊ ပန်ကာများနှင့် လျှပ်စစ်ပစ္စည်းများအတွက်ငွေကျပ် (၂၅)သိန်း  ကျခံဆောက်လုပ် လှူဒါန်း ခဲ့သည်။ (KST)ကုမ္ပဏီမှလည်း ကလေးဆေးကုသဆောင်အတွက်လိုအပ်ချက်များကို ဖြည့်စွက်ကျခံမှုနှင့်အတူ လူနာစောင့် အဆောင်အသစ် (၁)ခုကိုလည်း လှူဒါန်းခဲ့ကြောင်း နှင့်  ကလေးဆေးကုသဆောင်မှာ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ အမြင့်(၁၂)ပေ ရှိ အဆောက်အဦကို (KST) ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်းသိရှိရသည်။ ၎င်းနောက် ချောက်ရေနံဆေးရုံးအတွက် PUMA Energy Service Myanmar Company Ltd မှတစ်နှစ်စာအတွက်ဆေးနှင့် ဆေးပစ္စည်း အမေရိကန်ဒေါ်လာ(နှစ်သောင်း)ဖိုး ၊ လေအေးပေးစက်(၃)လုံးနှင့် ဆေးပဒေသာပင် ငွေကျပ်သိန်း(၇၀)ကျပ် လှူဒါန်းခြင်း၊ ဦးကောက်+ဒေါ်ကြင်လှတို့မှ ဆေးနှင့် ဆက်စပ်ပစ္စည်း အလှူငွေကျပ်(၁၀)သိန်းနှင့် အလှုရှင်(၁၂)ဦးမှလည်း ဆေးပဒေသာပင်နှင့်ဆေးပစ္စည်း တန်ဖိုးငွေကျပ်(၁၅၆)သိန်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                                                                                    မချို(ချောက်)                                                                           

0 comments:

Post a Comment