Sunday, October 25, 2015

နတ်​​မောက်​မြို့နယ်​မြို့မရဲ စခန်းမှ​ရွေး​ကောက်​ပွဲဆိုင်​ရာအထူးရဲသင်​တန်းဖွ့င်​ပွဲအခမ်းအနားကျင်းပ



နတ်​​မောက်​         ​အောက်​တိုဘာ၂၀

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​မြို့မရဲစခန်းမှ​ရွေး​ကောက်​ပွဲဆိုင်​ရာအထူးရဲသင်​တန်းဖွင့်​ပွဲအခမ်းအနားကို​အောက်​တိုဘာ၂၀ရက်​နံနက်​၉နာရီကမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ကျင်းပသည်​။
သင်​တန်းဖွင့်​ပွဲတွင်​မြို့နယ်​​ရွေး​ကောက်​ပွဲဆိုင်​ရာလုံခြုံ​ရေးစီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဌမြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​​ရေး​ကောက်​ပွဲ​ကော်​မရှင်​ဥက္ကဌဦးညိုကြီးနှင့်​မြို့နယ်​ရဲတပ်​ဖွဲ့မှူးသန်းချိုတို့မှ၂၀၁၅ခုနှစ်​နိုဝင်​ဘာ၈ရက်​​နေ့တွင်​ကျင်းပမည့်​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲအတွက်​အထူးရဲများသိသင့်​သိထိုက်​​သောအချက်​အလက်​များကိုရှင်းလင်း​ပြောကြားခဲ့သည်​။အဆိုပါအခမ်းအနားသို့မြို့နယ်​​ရွေး​ကောက်​ပွဲဆိုင်​ရာလုံခြုံ​ရေးစီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဌမြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ဌာနဆိုင်​ရာအကြီးအကဲများနှင့်​​ကော်​မရှင်​အဖွဲ့များ၊ရဲတပ်​ဖွဲ့ဝင်​များတက်​​ရောက်​ကြသည်​။ထို့​နောက်​သင်​တန်းကာလမှာ​အောက်​တိုဘာ၂၀ရက်​မှ၃၀ရက်​​နေ့အထိဖြစ်​ပြီးအထူးရဲသင်​တန်းသား(၁၂၈)ဦးအားသင်​တန်းဆရာ(၈)ဦးမှသင်​တန်းပို့ချသွားမည်​ဖြစ်​​ကြောင်းသိရသည်​။ဆက်​လက်​၍တစ်​ချိန်​ထဲမှာပင်​နတ်​​မောက်​မြို့နယ်​ရှိအထူးရဲသင်​တန်းဖွင့်​ပွဲကို​ရွေပန်း​တောမြို့မရဲစခန်းမှ(၅၃)ဦး၊ဆိုင်​​ကောင်းမြို့မရဲစခန်းမှ(၇၃)ဦးနှင့်​အင်းကန်​မြို့မရဲစခန်းမှ(၂၈)ဦးစုစု​ပေါင်းနတ်​​မောက်​မြို့နယ်​အတွင်း​ရွေး​ကောက်​ပွဲဆိုင်​ရာအထူးရဲသင်​တန်းသား(၂၈၂)ဦးဖြစ်​​ကြောင်းသိရသည်​။       လှဝင်း(iprd)

0 comments:

Post a Comment