Thursday, October 29, 2015

တက်လူငယ် စာကြည့်တိုက် (၈)နှစ်ပြည့် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ဖြင့် စာဖတ်စွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ




မြိုင်   အောက်တိုဘာ  ၂၆
          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် -  မြိုင်မြို့နယ် ကြည့်ကန်အုပ်စု၊ တောရွာကျေးရွာ  တက်လူငယ်
စာကြည့်တိုက် (၈)နှစ်ပြည့်   ဖွင့်လှစ်ခြင်း    အထိမ်းအမှတ်ဖြင့် စာဖတ်စွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကို
အောက်တိုဘာ ၂၅ရက်နေ့ နံနက် ၈နာရီက ယင်းစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
          အဆိုပါဖွင့်ပွဲတွင် စာကြည့်တိုက်မှူး ဦးစိုးဝင်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်မြို့ စာရေး
ဆရာ ဦးထက်၊ဒေါ်သဲသီရိကျော် နှင့် ဒေါ်ဂျေလှသင်တို့က ကျေးလက်နေပြည်သူများ စာဖတ်ခြင်းဖြင့် ဗဟုသုတများ
ရရှိစေ၍  အသိဥာဏ်တိုးတက်စေရန်    ရည်ရွယ်ပြီး    စာဖတ်စွမ်းရည်မြှင့်တင်ရေးတို့ကို အကျယ်တ၀င့် ရှင်းလင်း
ဆွေးနွေးကြရာ- ပြည်သူ(၁၀၀၀)ကျော် လာရောက်      နားထောင်ကြပြီး    စာကြည့်တိုက်တွဲဘက်အတွင်းရေးမှူး
ဒေါ်စုမြတ်ကျော် က ကျေးဇူးတင်စကားပြောကြားကာ နံနက်(၁၁)နာရီတွင် ပြီးမြောက်ကြောင်း သိရသည်။ 
 အောင်ကျော်မြင့်

0 comments:

Post a Comment