အောင်လံ အောက်တိုဘာလ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊
အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၀
ရက်နေ့မွန်းလွဲ (၂)နာရီ အချိန်ခန့်တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊
အဝေးပြေးကားဂိတ်ရှိ ကုန်တင်ယာဉ် (၁)စီးပေါ် တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ
သွားရောက် စစ်ဆေးခဲ့ရာ မန္တလေးမှ ပြည်မြို့သို့ ကုန်များ တင်ဆောင်ကာ ထွက်ခွာလာသော
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေသူ ယာဉ်မောင်း သိန်းဝင်း (၃၇)နှစ် မောင်းနှင်လာသည့်
ယာဉ်အမှတ် 5F/-----ဟီးနိုး (၁၂)ဘီးယာဉ်သည် အောင်လံမြို့သို့ နံနက် (၁၀)နာရီအချိန်
ရောက်ရှိပြီး ယာဉ်ပေါ်ပါ ပစ္စည်း အချို့အား ကားဂိတ်အတွင်း အတင်/အချ ပြုလုပ်ပြီး
ယာဉ်မောင်းမှ ကုန်တင်ခငွေများအား ရှင်း နေစဉ် နေ့လည် (၁း၅၀)အချိန်ခန့်၌
ယာဉ်ပေါ်တွင် မီးလောင် လွယ်သည့် ကုန်ပစ္စည်းများဖြင့် ရောနှော တင်ဆောင်လာသည့်
ဆိုင်ကယ် (၆)စီးအနက် (၁)စီးတွင်ပါ လာသော ဓါတ်ဆီအကြွင်း အကျန်များမှ
အပူရှိန်လွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ မီးသတ်ဦးစီး ဌာနနှင့်
ပတ်ဝန်းကျင်မှ လူများဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၁း၅၄)နာရီအချိန်
မီးငြိမ်းသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဘိုးမှာ (၃၀၀၀၀ိ/-) ဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် မီးလောင်ကျွမ်း စေတတ်သော ပစ္စည်းများ အား ပေါ့ဆစွာ တင်ဆောင်၍
မီးလောင်ကျွမ်းမှု ဖြစ်ပွားစေသူ ယာဉ်မောင်း သိန်းဝင်းအား အောင်လံ မြို့နယ်၊
မြို့မရဲစခန်း(ပ) ၂၀၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment