Friday, October 9, 2015

၆ ဘီးယာဉ်၏ ရှေ့ဘီးဖြင့် နင်းမိ၍ ဆိုင်ကယ်စီးသူ သေဆုံး


အောင်လံ အောက်တိုဘာ ၇ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ပြည်သူ့ဆေးရုံမှယာ
ဉ်တိုက်မှုဖြင့်ဒဏ်ရာရရှိသူလူနာ
 (၂)ဦးရောက်ရှိနေကြောင်း  အကြောင်းကြားချက်အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် 
အောက်တိုဘာ ၇ ရက် နံနက် (၁၁း၄၀) အချိန်တွင်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း
သိရသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ အောင်လံမြို့၊ မကျီးကုန်းရပ်ကွက်၊ ဆာမိကုန်းကွေ့၊ အောင်လံ-ပြည်လမ်း မိုင်တိုင်
 အမှတ်(၂၂၄/၂)အနီးတွင် တောင်တွင်းကြီးဘက်မှ အောင်လံမြို့ဘက်သို့ ဆင်ပေါင်ဝဲမြို့နယ်၊ သားပိုးကျေးရွာနေ
 တင်လင်းအောင် (၂၃)နှစ် မောင်းနှင်လာသော 2G/xxx ၊ ISUZU (၆)ဘီး ကုန်တင်ယာဉ် သည် ရှေ့မှ လားရာတူ
 အောင်လံမြို့နယ်၊ ဖောင်တင်ကျေးရွာနေ ဦးမြင့်ဇော်(၃၅)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ကိုကြည်ရွှင်
်(၃ဝ)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်အား ကား ရှေ့ဘီးနှင့်နင်းမိပြီး ကိုမြင့်ဇော်တွင် ပါးစပ်နှင့်နှာခေါင်းမှအမြှုပ်များထွက်၊
 ယာလက်မောင်း/ ယာ ခြေသလုံး/ရင်ဘက်/ဝဲဘက် နံပွန်းခြစ်ဒဏ်ရာများရရှိ၍ နေရာတွင်သေဆုံးသွားပြီး
ဦးကြည်ရွှင်တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ တင်လင်းအောင်အား
 အောင်လံ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်
 အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
                                မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment