Friday, October 9, 2015

အာဟာရ​ဗေဒသင်​တန်းဖွင့်​ပွဲကျင်းပ

နတ်​​မောက်​          ​အောက်​တိုဘာ၉

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​​မွေးမြူ​ရေးနှင့်​ကုသ​ရေးဦးစီးဌာနမှကြီးမှူးဖွင့်​လှစ်​သည့်​အာဟာရ​ဗေဒသင်​တန်းဖွင့်​ပွဲအခမ်းအနားကို​အောက်​တိုဘာ၉ရက်​နံနက်​၉နာရီိကမြို့နယ်​​မွေးမြူ​ရေးနှင့်​ကုသ​ရေးဦးစီးဌာန၊မြို့နယ်​ဦးစီးမှူးရုံးတွင်​ကျင်းပသည်​။

အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​အောင်​​ကျော်​စိုးနှင့်​မ​ကွေးခရိုင်​​မွေးမြူ​ရေးနှင့်​ကုသ​ရေးဦးစီးဌာနဦးစီးမှူး​ဒေါက်​တာ​ကျော်​လွင်​တို့မှသင်​တန်းဖွင့်​လှစ်​ရသည့်​ရည်​ရွယ်​ချက်​နှင့်​ကျွဲးနွားများ၏ကျန်းမာ​ရေးအ​ကြောင်းများကိုရှင်းလင်း​ပြောကြားခဲ့ကြသည်​။ထို့​နောက်​သင်​တန်းသားများမှတစ်​ဦးချင်းမိတ်​ဆက်​ခဲ့ကြပြီးသင်​တန်းကာလမှာ​အောက်​တိုဘာ၉ရက်​​နေ့မှ၁၃ရက်​​နေ့အထိ(၅)ရက်​တာသင်​တန်းသား(၃၀)ဦးအားတက်​​ရောက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(iprd)

0 comments:

Post a Comment