Monday, October 12, 2015

ဆိုင်ကယ်မဆင်မခြင်မောင်းနှင်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်မှောက် သေဆုံး




မကွေး      အောက်တိုဘာလ      ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်းမှ ရဲအုပ် စိုးနိုင်သည် ညနေ (၅)နာရီ အချိန်ခန့်တွင် မကွေးမြို့နယ်၊ ဆိုင်ကျကျေးရွာအနီး၊ မကွေး-တောင်တွင်းကြီး ကားလမ်း၊ မိုင်တိုင်အမှတ် ၃၀၄/၄ နှင့် ၃၀၄/၅ အကြားတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း မကွေး ဘက်မှ တောင်တွင်းကြီးဘက်သို့ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့၊ ရွှေပန်းရုံ ရပ်ကွက်နေသူ ခင်မောင်မြင့် (ခ)အတွက်လာ (၃၂)နှစ် သည် KENBO 125 အစိမ်းရောင် ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာစဉ် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသဖြင့် ခင်မောင်မြင့်(ခ) အတွက်လာတွင် ဦးခေါင်းယာဘက် (၆)လက်မခန့် ပေါက်ပြဲဒဏ်ရာရရှိပြီး နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment