Tuesday, October 13, 2015

ဆိပ်ဖြူမြို့နယ်တွင် ချည်မျှင်ရှည်ဝါ ငွေချည်(၉) စံပြကွင်းသရုပ်ပြပွဲပြုလုပ်




ဆိပ်ဖြူ အောက်တိုဘာ ၉
မကွေးတိုင်ဒေသကြီးဆိပ်ဖြူမြို့နယ် ခင်တောင်ကျေးရွာအုပ်စု ကွင်အမှတ်
၁၁၂၅/၂၀၈၈၊ ဦးပိုင်အမှတ် ၁၄၆/၂၊၁၄၄ တောင်သူဦးမန်း၏
ငွေချည်(၉)၊ချည်မျင်ရှည်ဝါ (၅)ဧက ကွင်းသရုပ်ပြပွဲကို အောက်တိုဘာ ၉ရက် နံနက်၉နာရီတွင်စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ)ကကြီးမှူး၍ကျင်းပပြုလုပ် သည်။
အခမ်းနားတွင် တိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းးဦးစီးမှူး ဦးခင်မောင်ဝင်းနှင့်စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ)တိုင်းတာဝန်ခံ ဒေါ်ခင်မာနုတို့ကအမှာစကားပြောကြား

 ပေးခဲ့သည်။၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)မှဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ၀ါသီးနှံအကြောင်း သိကောင်းစရာများကိုလည်ကောင်း၊တိုင်ဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးမြင့်စီုးက ဒေသဆိုင်ရာ တောင်သများ၏စိုက်ပျိုးထုတ်လုပ်မှု အခြေအန၊ စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)ခရိုင်တာဝန်ခံ ခေါ်ခင်မာစိုးက ၀ါစိုက်ပျိုးထုတ်လုပ်မှု သမိုင်းကြောင်း များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ) မြို့နယ်တာဝန်ခံ ဒေါ်စိုးစိုးလွင်က သိပ္ပံနည်းကျစိုက် ပျိုးနည်းစနစ် နှင့်စံပြစိုက်ခင်းနှင့် သီးနှံရောဂါ ကာကွယ်ရေးအကြောင်း များကို ရှင်လင်းပြောကြားခဲ့သည်။ ထိုက်နောက်တိုင်ဒေသကြီးမှဌာနဆိုင်ရာများနှင့်တက်ရောက်လာသည့် တောင်သူတို့က တောင်သူ ဦးမန်း၏ ၀ါစိုက်ကွင်းအတွင်းသို့ကွင်းဆင်းလေ့လာခဲ့သည်။ငွေချည်(၉)မိုးနှောင်းချည်မျှင် ၇ှည်ဝါသည်ရာသီဥတုနှင်ကိုက်ညီကာ ရေငတ် ဒဏ်ခံနိုင်ရည်ရှိပြီး စုပ်ပိုးနှင့်သီးလုံးဖောက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိကာ သိပ္ပံနည်တကျ စိုက်ပျိုးမည်ဆိုပါက (၁)ဧကလျင် ပိဿတစ်ထောင်ကျော် ထွက်ရှိကာ တောင်သူများအနေဖြင့် ၀ါစိုက်ပျိုးထုတ်လုပ်မှုဖြင့် မိသာစုဝင်ငွေတိုးပွားကာ လူမှုစီးပွားတိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)မှ တာဝန်ရှိသူတစ်ဦးကထည့်
သွင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်နားသိုတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်း၊ခရိုင်၊မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ)တိုင်း၊ခရိုင် ၊မြို့နယ် တာဝန်ခံများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန၊တိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမြင့်စိုးနှင့် ဒေသခံဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရှိရသည်
မကွေးသတင်းစုံ

0 comments:

Post a Comment