Thursday, October 29, 2015

နတ်​​မောက်​မြို့ဆု​တောင်းပြည့်ဘုရားကြီး​ကျောင်းတိုက်​တွင်​ပဝါရဏာသိမ်​ဆင်းဆွမ်း​လောင်းလှူပွဲကျင်းပ


နတ်​​မောက်​           ​အောက်​တိုဘာ၂၈

နတ်​​မောက်​မြို့ဆု​တောင်းပြည့်​ဘုရားကြီး​ကျောင်းတိုက်​ဆရာ​တော်​ဦးဥပ္ပလဦးစီးနာယကပြုလုပ်​၍နှစ်​စဉ်​ကျင်းပမြဲဖြစ်​​သောအကြိမ်​(၂၈)​မြောက်​ပဝါရဏာသိမ်​ဆင်းဆွမ်း​လောင်းလှူပွဲကျင်းပခဲ့​ကြောင်းသိရသည်​။
အဆိုပါဘုန်း​တော်​ကြီး​ကျောင်း(၉)​ကျောင်းမှပင့်​သံဃာအပါး(၉၀)တို့အားနဝကမ္မဝတ္ထု​ငွေများ၊ဗလာစာအုပ်​၊​ဘော့ပင်​၊အ​မွှေးဆပ်​ပြာခဲ၊အ​မွှေးတိုင်​ထုပ်​၊ဖ​ယောင်းတိုင်​ထုပ်​များနှင့်​ဆွမ်းဆန်​များကိုမြို့​ပေါ်(၇)ရပ်​ကွက်​ရှိမိသားစုဝင်​များနှင့်​မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှမြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​ရုံးဝန်​ထမ်းမိသားစုများစု​ပေါင်းလှူဒါန်းခဲ့ကြ​ကြောင်းသိရသည်​။                လှဝင်း(iprd)

0 comments:

Post a Comment