Saturday, October 31, 2015

မြို့နယ်​မဲရုံတာဝန်​ကျဝန်​ထမ်းများနှင့်​အ​ရေး​ပေါ်ခရီးသွားမည့်​ပြည်​သူများမဲ​ပေးနိုင်​ရန်​မဲပုံးချိတ်​ပိတ်​ရာတွင်​အသိသက်​​သေများနဲ့​ဆောင်​ရွက်

နတ်​​မောက်​          ​အောက်​တိုဘာ၂၉
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​မြို့​ပေါ်(၇)ရပ်​ကွက်​တွင်​​အောက်​တိုဘာ၂၉ရက်​​နေ့ကမြို့နယ်​မဲရုံတာဝန်​ကျဝန်​ထမ်းများနှင့်​အ​ရေး​ပေါ်ခရီးသွားမည့်​ပြည်​သူများမဲ​ပေးနိုင်​ရန်​မဲပုံးချိတ်​ပိတ်​ရာတွင်​အသိသက်​​သေများနဲ့​ဆောင်​ရွက်​ခဲ့သည်​။
အဆိုပါမြို့​ပေါ်(၇)ရပ်​ကွက်​ရှိမြို့မကွက်​သစ်​ရပ်​ကွက်​တွင်​ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးသန်း​ဌေးဦး၊ရပ်​ကွက်​စာ​ရေးဝန်​ထမ်း၊ရပ်​ကွက်​​ကော်​မရှင်​အဖွဲ့ဝင်​များ၊ရပ်​ကွက်​​ရွေး​ကောက်​ပွဲဆိုင်​ရာလုံခြုံ​ရေး​ကော်​မတီအဖွဲ့ဝင်​များနှင့်​ရပ်​မိရပ်​ဖများ​ရှေ့တွင်​မြို့နယ်​မဲရုံတာဝန်​ကျဝန်​ထမ်းများ၊မကျန်းမာသည့်​ပြည်​သူများနှင့်​မြို့နယ်​ပြင်​ပသို့အ​ရေး​ပေါ်ခရီးသွားပြည်​သူများအား၂၀၁၅ခုနှစ်​နိုဝင်​ဘာ၈ရက်​​နေ့တွင်​ကျင်းပမည့်​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲအတွက်​​အောက်​တိုဘာ၂၉ရက်​​နေ့မှစတင်​ပြီး​ရွေး​ကောက်​ပွဲရက်​တွင်​ခရီိးသွားရန်​ရှိသူများကိုနိုဝင်​ဘာ၆ရက်​နှင့်​၇ရက်​​နေ့များတွင်​ကြိုတင်​ဆန္ဒမဲ​ပေးနိုင်​ရန်​​ဆောင်​ရွက်​ကြ​ကြောင်းသိရသည်​။         လှဝင်​(iprd)

0 comments:

Post a Comment